
နည်းနည်းလေးတော့ သိပါတယ်။ စစချင်း သိထားတုန်းက Poke တယ်ဆိုတာ စတယ်လို့သိထားခြင်း ဖြစ်ပါတယ်။ စာတွေပြန်ရှာ ဖတ်ကြည့်တော့လည်း Poke တယ်ဆိုတာ စ,တာပါပဲ။
ဒီတော့ ကိုယ်က Friend မဖြစ်သေးတဲ့
သူတစ်ယောက်ယောက်ကို သွား Poke ပြီဆိုရင် အ Poke ခံရသူအနေနဲ့ လာ Poke တဲ့
သူရဲ့  Wall ကို အတားအဆီးမရှိ ဝင်ကြည့်လို့ရပါပြီ။ Friend List ထဲကလူတွေ
မြင်ရ သလိုပဲ မြင်နိုင်မှာ ဖြစ်ပါတယ်။ သို့ပေမယ့် ဒါက ၃ ရက်အတွင်းမှာပါပဲ။
ဒီလိုနဲ့ သူက ကိုယ့်ကို လာ Poke လို့ တို့လည်း ပြန် Poke ပြီဆိုရင် နှစ်ဖက်
စလုံးက တစ်ဖက်ဆီကို ၃ ရက် မြင်ခွင့်၊ ကြည့်ခွင့် ရမှာ ဖြစ်ပါတယ်။
ဒီတော့ တစ်ယောက်နဲ တစ်ယောက် ဓာတ်ပုံတွေကြည့်၊
Profile တွေဖတ်ပြီး ခင်ချင်ရင် Add လုပ်နိုင်ပြီး မခင်ချင်လည်း မ Add ပဲ
နေလို့ရပါတယ်။ သို့တည်းမဟုတ် အ Poke ပြိုင်ပွဲ (Poke War)
စေဆာ့ချင်တယ်ဆိုရင် လည်း ဆော့လို့ရပါတယ်။ ကိုယ်ကချည်း လိုက် Poke နေပြီး
ဟိုက ပြန်မPoke ဘာလားဖြစ်နေလည်း ကိစ္စမရှိပါဘူး။ ဟိုက Block တာ ခံရရင်တော့
တစ်မျိုးပေါ့။
Poke မယ်ဆိုရင် Friend ဟုတ်ဟုတ် မဟုတ်ဟုတ်
ကိုယ် Poke ချင်တဲ့ သူရဲ့  Timeline ကိုဝင် Timeline Cover အောက်က Message
ဆိုတဲ့ စာလေးက Setting sign ကို ကလစ်နှိပ်လို့ Poke ဆိုတာလေးကို ရွေး Click
နှိပ်ရ မှာ ဖြစ်ပါတယ်။
အောင်ခမ်း (TSJ team)
"အဆင်ပြေပါစေ"
ကိုဇော်သွင်(နည်းပညာ)