This is the body of your page.

VPN ဆိုတာ ဆော့ဝဲမလို Root မလိုပါ ။ ကြိုက်ရာနိုင်ငံကို မိမိကြိုက်သလိုချိတ်ဆက်ပြီး ဝင်လို့ပါတယ် စမက်ဖုန်းတိုင်းမှာ ပါပြီးသားပါ ။ VPN ဆိုပြီး ပြောနေကြလို့ ဆော့ဝဲမလိုပဲ နိုင်ငံကျော်ခွလို့ရတဲ့
အကြောင်းလေး ရေးလိုက်တာပါ 
Apple ဆို Settings >>> General မှာ VPN ဆိုတာတွေ့ပါမယ် ။




Android ဆို Settings >>> More networks >>> VPN ဆိုတာ တွေ့မယ် ။

Windows ဖုန်းကတော့ မကိုင်ဖူးတော့ ကိုင်ဖူးသူရှာကြည့်ပေါ့နော် :P




+++ VPN ဆိုတဲ့ သဘောက +++

နိုင်ငံပိုင်တစ်ခုရဲ့ IP နံပါတ်သတ်မှတ်ထားတာရှိတယ် အဲ့ IP ကို ကိုယ်ကသိနေရမယ် ။

အဲ့ IP ကို ကိုယ်က VPN မှာ ဖြည့်စွတ်လိုက်မယ် ပြီးရင် Password ထည့်ရမယ် ။ Password မှာ နှစ်မျိုးရှိပါတယ် vpnc အတွက်နဲ့ vpnu အတွက်ဆိုပြီး ။

ထို Password တွေက အလကားမရပါဘူး မိနစ် 20 ကို တစ်ခုအသစ်အမြဲပြောင်းနေပါတယ်။ 

ဖြည့်စွတ်စရာမလိုပဲ အသစ်ပြောင်းတိုင်း အော်တိုဖြည့်ပေး အော်တိုချိတ်ပေးတဲ့ ဆော့ဝဲတွေကိုရောင်းကြပါတယ် 7 ရက် 1 လ 1 နှစ်ဆိုပြီးတော့ပေါ့ ။

ကိုယ်ကတော့ ဆော့ဝဲမယူပဲ ကြိုက်ရာနိုင်ငံကို IP ရေးပေး Password ထည့်ပြီး ချိတ်ချင်တယ်ဆိုရင် ဒီဆိုက်မှာဖရီးရယူနိုင်ပါတယ် ။
နိုင်ငံတိုင်းမှာ vpnu vpnc ဆိုပြီး ခံယူချက် 2 ခုပဲ ရှိပါတယ် အဲ့ 2 ခုလုံးအတွက်ကိုပေးထားပါတယ် ။
အသစ်ပြောင်းသွားတိုင်း လိုက်ပြောင်းပေးပါတယ် ။
http://www.flyvpn.com/freetrial

Android သမားများကတော့ ထို Passwords ဆိုက်ကို ဝင်ရောက်စရာမလိုပဲ ဆော့ဝဲရှိပါတယ် 
မားကပ်မှာ ဖရီးပေးထားပါတယ် FlyVPN Free trial password ဆိုပြီးတော့ သော့ပုံလေးနဲ့ပါ ။
vpnc vpnu ရဲ့ Password ကို ထိုဆော့ဝဲကနေ တိုက်ရိုက်ကြည့်ရှုနိုင်ပါတယ် :)

နိုင်ငံအလိုက် IP များကိုလဲ ကျနော်ပေးထားတဲ့ Flyvpn ဆိုက်မှာပဲ ရှာကြည့်လိုက်ပါ ။

ကိုယ်ကျော်ခွဝင်ချင်တဲ့ နိုင်ငံမသိရင် အဲ့မှာနဲ့ Google နဲ့ ရှာကြည့်ပါ ။ 
ကိုယ်လိုချင်တဲ့ နိုင်ငံရဲ့ iP ကိုမတွေ့ရင် ကျနော့်မှာရှိတဲ့ နိုင်ငံ 20 လောက်ကို ဒီမှာသွားရောက်ကြည့်နိုင်ပါတယ်
http://freemobilesharing.blogspot.com/2014/01/vpn-ip.html 

မိမိသိရှိထားတဲ့ နိုင်ငံ IP များရှိရင်လဲ ကွန်မန့်လေးမှာ ချပေးသွားစေချင်ပါတယ် ကျနော်ဖြည့်စွတ်ရေးသားသွားပေးပါမယ် ။ 

----------------------------------------------

+++ VPN ချိတ်ဆက်ဝင်ရောက်နည်း +++


ဖုန်းကို Pass လော့ချထားမှ VPN ထဲမှာ နိုင်ငံ IP ရေးသားခွင့်ရှိပါတယ် ။
လော့နဲ့မထားထားရင်လဲ သူထားခိုင်းပါလိမ့်မယ် ။
VPN ဖြည့်စွတ်နည်းက လွယ်ပါတယ် ပုံမှာပြထားတဲ့အတိုင်းပါပဲ 

(( Apple ဆိုရင် ))

+ PPTP ရွေးချယ်ပြီး ဝင်မယ်
+ ခေါင်းစဉ်ရေးမယ် ။ 
+ Server မှာ ထိုနိုင်ငံ IP ထည့်မယ်
+ Account မှာ  မိမိဝင်တဲ့နိုင်ငံ မှတ်သားချက်ဖြစ်တဲ့ vpnu လား vpnc လားဆိုတာဖြည့်
+ Pass နေရာမှာ ကျနော်ပေးထားတဲ့ဆိုက်က Password ကိုထည့်
ဒါပါပဲ

xxxxxxxxxxxxxxxxxxxxxxxxxx

(( Android ဆိုရင် ))

+ PPTP ရွေးချယ်ပြီး ဝင်မယ်
+ ခေါင်းစဉ်နိုင်ငံရေးမယ် 
+ Server မှာ ထိုနိုင်ငံ IP ထည့်မယ် Save လုပ်လိုက်မယ် ။

ပြီးရင် ထို Save ထားတာကိုနှိပ်လိုက် Username နဲ့ Password တောင်းပါမယ် ။

+ Username မှာ မိမိဝင်တဲ့နိုင်ငံ မှတ်သားချက်ဖြစ်တဲ့ vpnu လား vpnc လားဆိုတာဖြည့်
+ Password မှာ ထိုချိတ်ဆက်တဲ့ ကောင်းစဉ်ရဲ့ Password ကိုထည့် ဒါပါပဲ

မှတ်ချက် ။  ။  Password ထည့်ပြီးချိတ်ဆက်တဲ့အခါမှာ တစ်ခါထဲနဲ့ရသလို 5 ခါ 6 ခါလောက်လဲနှိပ်ပြီး ချိတ်ဆက်ဝင်ရတတ်ပါတယ် ။
တစ်ခါတစ်လေ ဘယ်နှစ်ခါနှိပ်နှိပ် ဝင်မရဘူးဆိုရင် ကျနော်ပေးထားတဲ့ဆိုက်ကို ရီဖလပ်လုပ်ကြည့်လိုက်ပါ Pass အသစ်ပြောင်းနေတာကို တွေ့ပါမယ် ။
မိမိ Pass က အဟောင်းဖြစ်သွားလို့ မရတော့တာပါ ။

VPN အတွက် Password တွေက မိနစ် 20 ကို အသစ်တစ်ခုပြောင်းနေပါတယ် ။


(( ကျနော် LINE ချက်တင်ဆော့ဝဲက အရုပ်လေးတွေကို VPN နဲ့ နိုင်ငံခိုးဝင်ပြီး အဲ့လိုအမြဲဒေါင်းယူနေကြပါ ။ စတေကာလေးတွေက နိုင်ငံအလိုက် ချပေးတာဆိုတော့ :P ))

အားလုံးပဲ အဆင်ပြေကြပါစေ..... :)

အဆင်မပြေမှုများ ရှိပါက မေးမြန်းလိုပါက ( သို့ ) ဒေါင်းလော့လင့်များ ဒေါင်းမရတော့ပဲ သေသွားခဲ့ပါက ။ MyanmarMobileForum(MMF) ဂရုမှာ လာရောက်မေးမြန်း တောင်းဆိုနိုင်ပါတယ် ။ မန်ဘာဝင်ထားကြဖို့လဲ ဖိတ်ခေါ်ပါတယ် :)
https://www.facebook.com/groups/mmmobileforum/ 
 
Top