This is the body of your page.

 
Aung Ko Htet (MM IT Knowledge)

Ubuntu OS ဟာ တစ်နှစ်မှာ နှစ်ကြိမ် OS version အသစ်သစ် ထွက်လေ့ရှိပါတယ်။ OS version အသစ်တွေထွက်ရှိတဲ့ လတွေကတော့ ပုံမှန် 4 လပိုင်းနဲ့ 10 လပိုင်းတွေမှာ ထွက်လေ့ရှိ ပါတယ်။ OS version အသစ်ထွက်ရှိတဲ့ လတွေကို အစွဲပြု ပြီး version တွေကို သတ်မှတ်လေ့ရှိပါတယ်။ 2013 ခုနှစ် 4 လပိုင်း မှာ ထွက်ရှိလာတဲ့ Ubuntu OS version ကို  Ubuntu 13.04 လို့ သတ်မှတ်သလို 10 လပိုင်းမှာ ထွက်ရှိလာတဲ့ OS ကို 13.10 ဆိုပြီး သတ်မှတ်ပါတယ်။ အခုလည်း 2014 ခုနှစ် 4 လပိုင်းမှာ ထွက်ရှိလာတဲ့ Ubuntu OS ရဲ့ version ကို Ubuntu 14.04 လို့သတ်မှတ်ပြီး 10 လပိုင်းမှာ ထွက်ရှိလာတဲ့ version ကိုလည်း Ubuntu 14.10 လို့သတ်မှတ်ပါတယ်။ ဒီလောက်ဆိုရင် Ubuntu OS version တွေရဲ့ အကြောင်းကို အကြမ်းမျဉ်း နားလည်ပြီလို ထင်ပါတယ်။

အခုကျွန်တော်ပြောပြချင်တဲ့အကြောင်းအရာက အသစ်ထွက်လာတဲ့ Ubuntu OS 14.10 ကိုသုံးချင်ရင် ဘယ်လို Upgrade လုပ်ရမလဲဆိုတာကို ပြောပြပေးမှာဖြစ်ပါတယ်။

Ubuntu ကို အခုမှ အသုံးပြုမဲ့ သူအတွက်တော့ အသစ်ထွက်ရှိလာတဲ့ Ubuntu 14.10 ကို အသုံး တိုက်ရိုက် Install လုပ်လိုက်ရင် ရပေမဲ့ လက်ရှိ Ubuntu ကို အသုံးပြုနေတဲ့ သူတွေအတွက်တော့ ပြန်ပြီး install လုပ်ရတယ်ဆိုရင်တော့ မလို အပ်တဲ့ အချိန်ဖြုန်းမှုလို့ ထင်ပါတယ်။

ဒီအတွက်ကြောင့် လက်ရှိ Ubuntu version အဟောင်းကို အသုံးပြုနေတဲ့ သူတွေအတွက်ကတော့ Upgrade လုပ်နိုင်မဲ့ နည်းလမ်းလေးကို တင်ပေးလိုက်ပါတယ်။

ဒါပေမဲ့ Ubuntu အသုံးပြုသူများအနေဖြင့် သတိထားရမှာက 13.04 ကနေ 14.10 ကို တိုက်ရိုက် Upgrade လုပ်လို့မရဘူးဆိုတာပါပဲ။ Ubuntu user တို့အနေနဲ့ နောက်ဆုံးထွက် version ကို upgrade လုပ်ချင်တယ်ဆိုရင်တော့ တစ်ဆင့်ချင်းတစ်ဆင့် (step by step ) သွားရင် ပိုအဆင်ပြေပါလိမ့်မယ်။ ဥပမာ။  ။ 13.04 to 13.10,13.10 to 14.04, 14.04 to 14.10 ဆိုပြီး အဆင့်ဆင့် Upgrade လုပ်သွားတာက အဆင်ပြေပါလိမ့်မယ်။

ကျွန်တော်က လက်ရှိ Ubuntu 14.04 LTS ကို အသုံးပြုနေတယ်ဆိုတော့ 14.10 ကို အလွယ်တကူ တိုက်ရိုက် Upgrade လုပ်လို့ ရပါပြီ။ ဒါဆိုရင်တော့ စတင် Upgrade လုပ်ပါမယ်။ Upgrade မလုပ်ခင် အရင်ဆုံး သတိထားရမှာက ကိုယ့်ရဲ့ အရေးကြီးတဲ့ Data တွေကို external HDD နဲ့ဖြစ်ဖြစ် CD/DVD နဲ့ဖြစ်ဖြစ် backup လုပ်ထားဖို့ ဖြစ်ပါတယ်။

စပြီး upgrade လုပ်ဖို့အတွက် Crl+Alt+T ကို တွဲနှိပ်ပြီး Terminal ကို ဖွင့်လိုက်ပါ။ Terminal ထဲမှာ အောက်က ပေးထားတဲ့ command ကို ရိုက်ထည့်လိုက်ပါ။

sudo apt-get update && sudo apt-get dist-upgrade

ဒီ command ကို ရိုက်ပြီး enter နှိပ်လိုက်ရင် သူ့ဟာသူ နောက်ဆုံးထွက်ထားတဲ့ Latest Packages ကို Download လုပ်ပြီး install လုပ်သွားမှာဖြစ်ပါတယ်။
Installing ပြီးသွားတဲ့အခါမှာတော့ စက်ကို restart ချလိုက်ပါ။ ပြီးတဲ့အခါ Terminal ကို ပြန်ခေါ်ပြီး အောက်မှာပေးထားတဲ့ command ကို ရိုက်ထည့်လိုက်ပါ။

sudo update-manager -d

ဒါဆိုရင်တော့ software updater window လေးပေါ်လာပြီး အောက်ကပုံအတိုင်း "However,Ubuntu 14.10 is now available (you have 14.04) ဆိုတဲ့ message ကို တွေ့မြင်ရပါလိမ့်မယ်။ အဲ့ဒါဆိုရင်တော့ OK ကို နှိပ်လိုက်ပါ။

ဒီအချိန်မှာတော့ သင့်ကို upgrade လုပ်မှာ သေချာလားဆိုတဲ့ Message ကို ထပ်ပြီး မေးလာပါလိမ့်မယ်။ Upgrade button ကို ပဲ ထပ်နှိပ်ပေးလိုက်ပါ။


ပြီးရင် Distribution Upgrade ဆိုတဲ့ Software Updater လေး ထပ်ကျလာပြီး preparing လုပ်နေတာကို အောက်က ပုံအတိုင်း  တွေ့မြင်နေရပါလိမ့်မယ်။


စက္ကန့်အနည်းငယ် ကြာတဲ့အခါမှာတော့ upgrade စလုပ်တော့မလားဆိုတဲ့ Do you want to start the upgrade? ဆိုတဲ့ message ထပ်ပြပါလိမ့်မယ်။ ညာဘက်အောက်ခြေမှာပါရှိတဲ့ Start Upgrade ဆိုတဲ့ button လေးကို နှိပ်ပေးလိုက်ပါ။



သူ့ဟာသူ အလိုလို Upgrade လုပ်ပေးသွားပါလိမ့်မယ်။



ပြီးတဲ့အခါမှာတော့ System ကို restart လုပ်ခိုင်းပါလိမ့်မယ်။ ပြီးရင် ကိုယ့်ရဲ့ OS version ကို System setting ထဲက Detail ထဲမှာ သွားရောက်စစ်ဆေးနိုင်ပါတယ်။ သင့်ရဲ့ Ubuntu OS ဟာ 14.10 update version ဖြစ်နေတာကို တွေ့မြင်ရပါလိမ့်မယ်။

 


အားလုံးပဲ အဆင်ပြေကြပါစေ..

Aung Ko Htet
Download ►: ►''Here ''
     
  www.patheinit.com
Payephyo(ပုသိမ်အိုင်တီ)
ဒေါင်းနည်းများမသိပါက ဒီမှာ သွားကြည့်ပေးပါခင်ဗျာ
 
Top