This is the body of your page.

မင်္ဂလာပါ
ဒီနေ့တော့  Asus FonePad 7  Model K102 v4.3 Version အားလုံးကို
 အလွယ်တကူ Root လုပ်ပြီး မြန်မာစာထည့်နည်းလေးကို အသေးစစ်
ရှင်းပြလိုက်ပါတယ်ခင်ဗျား...

ဒီ Tablet ကို Root လုပ်ဖူးတာဆို နှစ်လုံးရှိပါပြီ။
ပထမတစ်လုံးကို Root လုပ်တုန်းကတော့ အထာမသိတာနဲ့
ည ၃ နာရီကျော်သွားတယ်၊ ရှိရှိသမျှ ဆရာကြီးပါဆိုတဲ့
Root Tool တွေသာ ကုန်သွားတယ် Google တစ်ခွင်လိုက်ရှာတာလဲ
နှံ့နေတာပဲ ဒါပေမယ့် မျက်လုံးသာ နောက်ရောက်မတတ်ပါ
ဘယ်လိုမှ Root လုပ်လို့ အဆင်မပြေဘူးဖြစ်နေတယ်။

လက်မြောက်ရတော့မယ်လို့တောင်ထင်နေတာ
အဆင်ပြေချင်တော့လည်း Youtube လင့်တစ်ခုမှာ
Tutorial လေးတစ်ခုသွားတွေ့တယ် အဆင်ပြေမယ်တောင်မထင်ထားဘူး
နောက်ဆုံးအကြိမ်အဖြစ် လုပ်ကြည့်ပါဦးမယ်ဆိုပြီး စွန့်စားကြည့်လိုက်တော့
ဟော...တွပ်ပီ ကံကောင်းသွားတာပေါ့ဗျာ...

ရလည်းရရော့ လွယ်လိုက်တာဆို အထာမသိတော့ အစရှာရ
ခက်တယ်ဆိုတာ ဖြစ်နိုင်တယ်...အဟီး

ကဲဗျာ Asus FonePad 7  Model K102 v4.3 Version မှာ
လပေါင်းများစွာ ဟိုလူကိုသွားပြလိုက် အဆင်မပြေပြန်လာလိုက်
မြန်မာစာလည်း ရနိုးနိုးနဲ့ Play store တစ်ခွင်လည်း Changer apk
တွေနဲ့ ကီးဘုတ် Apk တွေကို ထည့်သုံးကြည့်လိုက် အများပြောတဲ့
One Click ကများ အဟုတ်ကြီးလားမသိဖူး လုပ်ကြည့်လိုက်
ဘယ်လိုပဲ လုပ်လုပ် Root Access အတွက် အရာတောင်မထင်ဘူး
ဖြစ်နေလို့ စိတ်ညစ်နေပါသလား နည်းလမ်းရှာတွေ့ပါပြီခင်ဗျား...

ဒီ Asus FonePad 7 တွေထဲမှာ Asus Fonepad 7 Model 170CG ဖုန်း
 4.4.2 များကိုတော့ တကယ် One Click နဲ့ Root လုပ်ပြီး မြင်မာစာထည့်နိုင်ပါတယ်၊
ကွန်ပျူ တာကို မလိုတာပါ အောက်ကလင့်မှာ လေ့လာကြည့်လိုက်ပါ။

Asus Fonepad 7 Model 170CG ဖုန်း 4.4.2 များကို One Click နဲ့ Root လုပ်ပြီး မြင်မာစာထည့်နည်း  

ဒီ Asus FonePad 7  Model K102 v4.3 Version ကိုတော့
One Click တွေ ထိုင်ငိုရလောက်ပါတယ် Official ကပေးထားတဲ့
Root Apk တွေလည်း ဒီဖုန်းကိုမြင်ရင် ထွက်များပြေးသလားအောက်မေ့ရ
လုံးဝ လုံးဝ Root Access မရပါခင်ဗျား

အဲလောက်တောင် ခေါင်းမာနေတဲ့
Asus FonePad 7  Model K102 v4.3 Version အားလုံးကို
အလွယ်တကူ Root လုပ်ပြီး မြန်မာစာအမှန် ထည့်ကြည့်မယ်ဗျာ
ပထမဆုံး ဒီဖုန်းကို Root လုပ်တော့မယ်ဆိုရင်တော့
ကွန်ပျူ တာတော့လိုအပ်ပါမယ်။ ရှိတယ်ဆိုရင်တော့ စလို့ရပါပြီ။
အောက်မှာ ဆက်လေ့လာကြည့်လိုက်ပါ။

 ကွန်ပျူ တာအတွက် Driver ကို အောက်ကလင့်မှာ
ဒေါင်းလော့ရယူလိုက်ပါ

Download Here

ဆော့ဝဲကို ဖုန်းမှာရော့ ကွန်ပျူ တာမှာပါ
အင်စတောလုပ်နည်းကိုတော့ အောက်ကလင့်မှာဝင်ဖတ်ပေးပါ။

Asus ဖုန်းများနဲ့ အခြားသော ဖုန်း Device များအတွက် အကောင်းဆုံး PC Link ဖုန်းဆော့ဝဲ Drivers

Pc Link ဆော့ဝဲကို အင်စတောလုပ်ပြီးပြီဆိုရင်တော့
ဖုန်းနဲ့ကွန်ပျူ တာ ချိတ်ဆက်နည်းကိုတော့ ပုံလေးကိုပဲ
ကြည့်လုပ်လိုက်ပါခင်ဗျား




 ဖုန်းနဲ့ကွန်ပျူ တာ ချိတ်ဆက်မှု အားလုံးပြီးရင်တော့
Root လုပ်နည်းကို အောက်က Video Tutorial လေးကိုကြည့်လိုက်ပါ။။


ဖုန်းကို Root လုပ်ခြင်းကိစ္စပြီးလို့ Root Access ရရှိပြီးရင်တော့
မြန်မာစာအတွက် ဖောင့်နဲ့ကီးဘုတ်ကို အောက်ကလင့်မှာ
ဒေါင်းလော့ရယူလိုက်ပါ။

FrozenKeyboard နဲ့ ICSMMFontinstaller.apk
ကို install လုပ်ပါ။

(install လုပ်ရန်အတွက် setting / security /
 unknown source အကွက်လေးကို အမှန်ခြစ်ပေးပါ)



OR


 ICSMMFontinstaller.apk
 လေးကို အောက်ကလင့်မှာရယူပါ

Download Here 

OR

Download Here 

OR

Download Here 


မြန်မာစာအတွက် ဖောင့်နဲ့ကီးဘုတ်ထည့်နည်းကိုတော့
အောက်ကလင့် Video Tutorial လေးမှာ ကြည့်လိုက်ပါ။



အားလုံးပဲ အဆင်ပြေကြလိမ့်မယ်လို့ထင်ပါတယ်

အားလုံးကို ခင်မင်လေးစားလျှက်

အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ)
 www.zunite.org

FB ချစ်ပရိတ်သတ်ကြီးများခင်ဗျား ဇူးနစ်(နည်းပညာ) ဆိုက်မှာ ဖုန်းဆော့ဝဲ ဂိမ်းများ သတင်းစသော အသစ်ကလေးများကို အချိန်နဲ့တစ်ပြေးညီ တင်ပေးနေတာမို့ FB Page လေးကို  LIKE ပေးပြီး အားပေးနိုင်ပါတယ်။(အားလုံးကို ကျေးဇူးတင်ပါတယ်)

 
Top