This is the body of your page.



ဝယ်ယူပြီး ၂နှစ်အတွင်း ပြင်ဆင်မှုပြုလုပ်ရာတွင် ပို့ဆောင်စရိတ်ကို အလကား စီစဉ်ပေးမယ်လို့လည်း ဆိုထားပါတယ်။ သင့် ဖုန်း မှန်ကွဲခြင်းနဲ့ ရေ၀င်ခြင်း တို့ကိုလည်း ဈေးနှုန်းချိုသာစွာ ပြင်ဆင်ပေးမည်ဖြစ်ကြောင်း ကြေညာထားပါတယ်။ဒီဇိုင်းအသွင်အပြင်၊ ပစ္စည်း အရည်အသွေး၊ ထူးခြားတဲ့ အသံစနစ်၊ ကောင်းမွန်တဲ့ Camera၊ ချိုသာသောဈေးနှုန်း၊ 2 Year Warrenty နဲ့ ZTE ရဲ့ Axon 7 ဖုန်းဟာ အခြား အမြင့်ဖုန်းတွေ ထက် ဦးစားပေး ရွေးချယ်သင့်ပါတယ်။

ပြီးခဲ့သောနှစ်အနည်းငယ်အတွင်း ဈေးနှုန်းချိုသာပြီး Quality ကောင်းတဲ့ Smartphone များ ဈေးကွက်အတွင်းဝင်ရောက်လာပြီး နာမည်ကြီး Smartphone Brand တွေကို ယှဉ်ပြိုင်လာခဲ့ပါတယ်။ ယခုနောက်ပိုင်းမှာ နာမည်ကြီး Smartphone တွေနဲ့ ထပ်တူအရည်အသွေးရှိပြီး ဈေးနှုန်းချိုသာတဲ့ ဖုန်းတွေပေါ်ထွက်လာတာကြောင့် ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီအချင်းချင်း ပြိုင်ဆိုင်မှုပြင်းထန်လာပါတော့တယ်။
ZTE ကနေထပ်မံမိတ်ဆက်လိုက်တဲ့ ဒေါ်လာ 400 တန် ZTE AXON 7 ဖုန်းကလည်း သင်ဖုန်းဝယ်မယ်ဆို ဦးစားပေး စဉ်းစားသင့်တဲ့ ပေးရတဲ့ဈေးနဲ့ တန်တဲ့ ဖုန်း၁လုံးဖြစ်ပါတယ်။ ZTE AXON 7 ဖုန်းရဲ့ အသေးစိတ် ကိုတော့ ဆက်လက်ကြည့်ရှု ကြရအောင်။

Design (အသွင်အပြင်)

AXON 7 ရဲ့ အသွင်အပြင်ကတော့ ခဏတာ ကိုင်ကြည့်လိုက်တာနဲ့ စွဲမက်သွားစေမှာ အသေအချာပါဘဲ။ ဖုန်းရဲ့ ကျောဖက်မှာ “Designed in the USA” ဆို၍ ရေးထိုးထားခြင်းဟာ တရုတ်အခြေစိုက် ZTE နဲ့ ကားထုတ်လုပ်တဲ့ BMW Company က အသိအမှတ်ပြုထောက်ခံထားတဲ့ DesignWorks တို့ ပူးပေါင်းခြင်းကို ဆိုလိုပါတယ်။DesignWorks ဟာ BMW ထုတ် ဇိမ်ခံကားများ အတွက် Design ရေးဆွဲပေးနေသော ကုမ္ပဏီဖြစ်ပါတယ်။ သူတို့ရဲ့ Premium Design နဲ့ ထုတ်လုပ်ထားတဲ့ AXON 7 ရဲ့ လှပ ခန့်ညားမှုက အံ့မခန်းပါဘဲ။
Screen Shot 2016-08-01 at 11.01.38 PMချောမွေ့သော အနားသတ်နဲ့ ကွေးညွတ်သော ပုံစံရှိသောကြောင့် သင့်လက်ထဲမှာ တသားထဲ အံဝင်ဂွင်ကျ ရှိနေမှာပါ။ Axon 7 ဟာ အသုံးပြုရလွယ်ကူခြင်း၊ Aluminium Body ဖြင့် တည်ဆောက်ထားခြင်း၊ လက်ထဲတွင် သက်သောင့်သက်သာရှိခြင်း၊ အကြမ်းအတမ်းခံခြင်း၊ Quality ကောင်းခြင်း တို့ကြောင့် User တွေ အကြိုက်တွေ့စေမှာပါ။



Audio

Axon 7 ရဲ့ နာမည်ကြီးတဲ့ အချက်၁ခုကတော့ အဆင့်မြင့် အသံစနစ်ကို အသုံးပြုထားခြင်း ဖြစ်ပါတယ်။ Axon 7 ကို Hi-Fi Audio Chips (AKM AK4961 & AKM AK4490) ၂ခု တပ်ဆင်ထားပါတယ်။
ထို Preminum အဆင့် ရှိတဲ့ Audio Chip တွေ အသုံးပြု တည်ဆောက်ထားတဲ့ Recorder & Audio Player ၁ခု ကို သင်ဝယ်မယ်ဆိုရင် $3,000 ဈေး ရှိပါတယ်။ Axon 7 ဖုန်း ကတော့ အဲ့သလောက် ဈေးမပေးရဘဲ ပိုကောင်းတဲ့ Audio Quality ကို ပေးစွမ်းနိုင်ပါတယ်။


Audio Record လုပ်ဖို့ Dual Mic ထည့်သွင်းပေးထားပြီး ၈မီတာအတွင်း ကောင်းစွာ ဖမ်းယူနိုင်ပါတယ်။ Headphone နဲ့ နားထောင်တဲ့ Audio Quality ကတော့ ကြည်လင်ပြတ်သားပြီး အရည်အသွေးအပြည့် ပေးစွမ်းနိုင်ပါတယ်။ဖုန်း မျက်နှာပြင်မှာ ပါဝင်တဲ့ Front-facing Speaker ၂ခုရဲ့ အသံ အရည်အသွေးကလည်း အံ့မခမ်းပါဘဲ။အသံကြည်ကြည်လင်လင် ကျယ်ကျယ်လောင်လောင်နဲ့ Audio Quality အပြည့် လိုချင်သူတွေအတွက်တော့ Axon 7 ကိုလက်မလွှတ်သင့်ပါဘူး။ Spotify က သီချင်းနားထောင်မလား၊ Netflix က ရုပ်ရှင်ကြည့်မလား Axon 7 ရဲ့ Speaker တွေကတော့ ရှယ်တွေပါဘဲ။

Camera

Axon 7 မှာ အသုံးပြုရလွယ်ကူတဲ့ Camera စနစ် ပါရှိပါတယ်။ Automatic Mode မှာ ဓါတ်ပုံရိုက်ရလွယ်ကူပြီး အခြေအနေပေါ်မူတည်၍ HDR နဲ့ Night Mode ကို အလိုလျှောက် ပြောင်းလဲ ပေးမှာဖြစ်ပါတယ်။ လွယ်လွယ်ကူကူနဲ့ ဓါတ်ပုံကောင်းကောင်းရိုက်ချင်သူတွေ အတွက် Setting တွေနဲ့ ရှုပ်မနေတော့ပါဘူး။

ကိုယ်တိုင်စိတ်ကြိုက် Manuel ရိုက်ချင်သူများအတွက်လည်း Shutter Speed, ISO, Focus နဲ့ အခြား Professional Option တွေလည်း ပါဝင်ပါတယ်။
Screen Shot 2016-08-01 at 11.08.18 PM

Filter အမျိုးစုံနဲ့ သင့်စိတ်ကြိုက် ရိုက်ကူးနိုင်ပြီး Panorama, slow motion (up to 240 fps), timelapse နဲ့ Live Photo တို့ကိုလည်း Camera App ကနေ ရိုက်ကူးနိုင်ပါတယ်။ လှုပ်လှုပ်ရှားရှား GIF ပုံများ တစ်ခါတည်း ထုတ်လို့ရအောင်လည်း ရိုက်ကူးနိုင်ပါတယ်။ 20MP Camera ကိုအသုံးပြုထားပြီး Video Recording အနေနဲ့ 4K Quality အထိ H.264 / H.265 Codec တွေနဲ့ ကြည်လင်ပြတ်သားသော ရုပ်သံများကို ဖမ်းယူ ရိုက်ကူးနိုင်ပါတယ်။

Value

Axon 7 မှာ ပါဝင်တဲ့ Hardware ပစ္စည်းအများရဲ့ အရည်အသွေးနဲ့ ဖုန်းဈေးနှုန်းနဲ့ ယှဉ်ကြည့်လျှင် အလွန်တန်ပါတယ်။ Dual-Sim နဲ့အသုံးပြုနိုင်ပြီး ဖုန်းအော်ပရေတာ အားလုံးနဲ့လည်း အဆင်ပြေကိုက်ညီပါတယ်။
ZTE ရဲ့ Passport 2.0 လို့ခေါ်တဲ့ Premium 2 Year Warrenty ပါဝင်ပြီး ၀ယ်ယူပြီး ရက် ၃၀အတွင်း Axon 7 ကို မကြိုက်ပါက ၀ယ်ယူခဲ့သော ငွေသားအတိုင်း ပြန်လည် လဲလှယ်နိုင်ပါတယ်လို့ ကြေညာထားပါတယ်။
ဝယ်ယူပြီး ၂နှစ်အတွင်း ပြင်ဆင်မှုပြုလုပ်ရာတွင် ပို့ဆောင်စရိတ်ကို အလကား စီစဉ်ပေးမယ်လို့လည်း ဆိုထားပါတယ်။ သင့် ဖုန်း မှန်ကွဲခြင်းနဲ့ ရေ၀င်ခြင်း တို့ကိုလည်း ဈေးနှုန်းချိုသာစွာ ပြင်ဆင်ပေးမည်ဖြစ်ကြောင်း ကြေညာထားပါတယ်။ဒီဇိုင်းအသွင်အပြင်၊ ပစ္စည်း အရည်အသွေး၊ ထူးခြားတဲ့ အသံစနစ်၊ ကောင်းမွန်တဲ့ Camera၊ ချိုသာသောဈေးနှုန်း၊ 2 Year Warrenty နဲ့ ZTE ရဲ့ Axon 7 ဖုန်းဟာ အခြား အမြင့်ဖုန်းတွေ ထက် ဦးစားပေး ရွေးချယ်သင့်ပါတယ်။
 
Top