This is the body of your page.

 Image result for Apple Watch 2 and Air pods

စက်တင်ဘာလ ၇ ရက်နေ့မှာမိတ်ဆက်ပြသခဲ့တဲ့ပစ္စည်းတွေထဲမှာ iPhone 7 စီးရီးတွေအပြင် iPhone/Pad တွေနဲ့တွဲဖက်အသုံးပြုဖို့ ကြိုးမဲ့နားကြပ် AirPods ၊ Apple Watch စီးရီးအသစ် Apple Watch Series 2 တို့ကိုမိတ်ဆက်ပေးခဲ့ပါတယ်။ လတ်တလောကောက်ယူထားတဲ့စစ်တမ်းတွေအရ iPhone အသုံးပြုသူအားလုံးရဲ့ ၁၂ ရာခိုင်နှုန်းကသာ AirPods ကိုသေချာပေါက်ဝယ်ယူကြမည်ဟုမှတ်ချက်ပေးထားကြပါတယ်။


 
AirPods ဟာဈေးနှုန်းအားဖြင့် ၁၅၉  ဒေါ်လာဖြင့်ရောင်းချပေးမှာဖြစ်ပါတယ်။ iPhone 7 ဂျပ်ဗူးထဲမှာလည်း နားကြပ်ကြိုးနဲ့ နားကြပ်တစ်ခုပါဝင်ပြီးသားမို့ ၈၈ ရာခိုင်နှုန်းလောက်က ဒီပစ္စည်းဆန်းကိုဝယ်ယူဖို့စိတ်ကူးမရှိသေးတာလည်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် iPhone အသုံးပြုသူတိုင်းလိုချင်နေကြတဲ့ပစ္စည်းလေးတစ်ခုဆိုတာတော့ ငြင်းလို့မရပါဘူး။


Apple Watch စီးရီး 2 ကိုဝယ်ယူလိုခြင်းရှိမရှိကိုစာရင်းကောက်ယူရာမှာတော့ Apple Watch စီးရီး 2 ကိုဝယ်ယူမည်ဟုဖြေဆိုသူဦးရေဟာ ၈ ရာခိုင်နှုန်းခန့်သာရှိပါတယ်။


 
ဒီဖြေဆိုသူများထဲမှ တစ်ဝက်လောက်က Apple Watch စီးရီး 1 ကိုဝယ်ယူထားသူများလည်းဖြစ်ပါတယ်။


 
Apple Watch စီးရီး 2 ဟာအရင် စီးရီး 1 နဲ့သိသာထင်ရှားတဲ့ဒီဇိုင်းသွင်ပြင်ပြောင်းလဲမှုမရှိတာကြောင့်ဝယ်ယူဖို့စိတ်မ၀င်စားကြတာလည်းဖြစ်နိုင်
ပါတယ်။ လူတော်တော်များများဟာ နာရီတစ်လုံးကို ၂ နှစ်လောက်အနည်းဆုံးပတ်လေ့ရှိတာကြောင့်လည်းဖြစ်မှာပါ။ Apple Watch စီးရီး 2 မှာတော့နာရီလက်ပတ်ကြိုးအသစ်တွေနဲ့ပါထပ်မံထုတ်လုပ်ထားပါတယ်။

 
Top