This is the body of your page.







LG ကုမ္ပဏီ၏ စမတ်ဖုန်း အမျိုး အစားသစ် Optimus G Pro ကို ယခုလ မှ စ၍ ပြည်တွင်းတွင် ဖြန့်ချိသွား မည်ဟု LG Electronics ကုမ္ပဏီမှ သတင်း ရရှိသည်။


အဆိုပါ စမတ်ဖုန်းကို ၂ဝ၁၃ ခုနှစ် နှစ်ဆန်းပိုင်းတွင် ကိုရီးယား၌ စတင် မိတ်ဆက်ခဲ့ခြင်း ဖြစ်ပြီး ပြည်တွင်း သို့ စတင် တင်သွင်းချိန်တွင် အလုံးရေ ၅ဝဝ ကျော် စတင်ရောင်းချပေးသွား မည်ဟု ၄င်းကုမ္ပဏီမှ သိရသည်။
LG Optimus G Pro မှာ ၅ ဒသမ ၅ လက်မ အရွယ် ဖန်သား မျက်နှာ ပြင် ရှိပြီး ဖုန်းနှင့် တက်ဘလက် နှစ်မျိုး အသုံးမပြုလို သူများ အတွက် ရည်ရွယ် ထုတ်လုပ်သည့် စမတ်ဖုန်း ဖြစ်ကြောင်း LG Electronics Mobile Communication ကုမ္ပဏီ ဥက္ကဋ္ဌ Dr. Jong-Seok Park က ပြောသည်။
၎င်းဖုန်းကို အရောင်နှစ်မျိုးဖြင့် ထုတ်လုပ် ထားရှိပြီး ပြည်တွင်း ဈေးကွက် တွင်ကျပ် ၆၂ဝဝဝဝ ဝန်းကျင်ဈေးဖြင့် ရောင်းချ ပေးသွားမည် ဖြစ်သည်။
သုတလင်း

 
Top