US (United State) နဲ့ UK (United Kingdom) တို့ရဲ့ အသံထွက်ကို
နားထောင်ရမှာဖြစ်ပါတယ်။ တကယ်လို့ သင်ဟာ စာလုံးရဲ့ အဓိပ္ပါယ်ကိုနားမလည်ရင် ပုံလေးကိုလည်း ကြည့်ပြီး အဓိပ္ပါယ်ကို နားလည်အောင် လုပ်လို့ရပါတယ်ခင်ဗျာ။ ဒီ Dictionary လေးမှာ Exercise များစွာပါဝင်ပြီး
Adjective, Adverb, Noun, Proposition စတဲ့ Eight Parts of Speech ရဲ့ Exercise များကိုလည်း လေ့ကျင့်နိုင်ပါတယ်။ Phrasal Verb စကားလုံးအတွဲများကိုလည်း ဖော်ပြပေးထားပါတယ်။ စကားလုံးတစ်လုံး အသုံးပြုပုံကို စာကြောင်းလေးနဲ့တကွ သေသေချာချာ ဘယ်လိုနေရာမှာ အသုံးပြုရမယ်ဆိုတာ ရှင်းပြထားသလို အဲဒါနဲ့မှ နားမလည်သေးရင် စကားလုံးရဲ့ အသုံးပြုပုံကို မူရင် ပေ့ကနေ သွားရောက်ကြည့်ရှုနိုင်ပါတယ်။ အင်္ဂလိပ်စာကို အထူးပြုလေ့လာနေတဲ့ သူတွေအတွက် အသုံးဝင်တဲ့ Dictionary ဆော့ဝဲလ်လေးပဲဖြစ်ပါတယ်။ အောက်မှာ ပုံလေးနဲ့ သေချာ ရှင်းပြထားပါတယ်။
1. Eight Parts of Speech's Exercise များကို လေ့ကျင့်ရန်။
2. Meaning များကိုနားမလည်ပါက ပုံဖြင့်ကြည့်ရန်။
3. Software ကို ပြင်ဆင်မှုပြုရန်။
4. စကားလုံးများရှာရန်။
5. အသံထွက်နားထောင်ရန်။
6. ရှာထားသော စကားလုံးနှင့် နီးစပ်သော စကားလုံးများ။
အဲဒါကတော့ အကျဉ်းလေးပါ။ ဒါထက်အသုံးဝင်တာတွေ အများကြီး ကျန်ပါသေးတယ်။ ကျွန်တော်တင်ပေးချင်တာတော့ကြာပါပြီ။ အမှန်တကယ် ဖိုင်ဆိုဒ်က 559 MB ကျော်ရှိပါတယ်။ တတ်နိုင်သမျှချုပ်ပေးထားပါတယ်။ ဒေါင်းရအဆင်ပြေအောင်လို့ ငါးဖိုင်ခွဲတင်ပေးထားပါတယ်။ Password တောင်ခဲ့ရင် www.augnkyaw.net လို့ရိုက်ထည့်ပေးပါ။
ရှားလော့ဟုမ်း (ဆော့ဝဲလ်မြို့တော်)
ဒေါင်းနည်းများမသိပါက ဒီမှာ သွားကြည့်ပေးပါခင်ဗျာ
