This is the body of your page.


 မင်္ဂလာပါ သည်နေ့တင်တာလေးကတော့  မိတ်ဆွေ တစ်ယောက် မေးတာနဲ့ ပြောရင်း ပို့စ်လေးတစ်ခု ရေးဖြစ်တာပါ  သိပြီးသူတွေ များပါတယ် ကျော်သွားလိုက်ပါနော်... ဘာလဲဆိုတော့
facebook like page တွေအတော် ခေတ်စားလာပါတယ်... ခေတ်စားလာတာနဲ့အမျှ နည်းပညာတွေ စာပေတွေ လည်း တိုးတက်နေပါပြီ ၀မ်းသာစရာပေါ့..သည်မှာ တခုအကြုံ ပြုလိုတာကတော့
ခုရေးတဲ့ နည်းလမ်းလေး ကို page ထောင်သူတိုင်း ဆောင်ရွက်စေလိုပါတယ်..
ဒါကတော့  မိမိတို့ page တွေရဲ့ like ကို သူများတကာအလွယ်တကူ မှတ်သားနိုင်စေရန် ဖြစ်ပါတယ်..
ဥပမာ...ကျနော့်ပေ့ဆို http://www.facebook.com/aungaungmks ပါ အဲတာဆို အရမ်းလွယ်ပါတယ်
aungaungmks ဆိုတာလေးဘဲမှတ်ထားလိုက်ယုံပါဘဲလေ... တချို့ ပေ့တွေမှာက မြန်မာလို လင့်အမည်တွေပေးထားလေတော့  လင့်ကော်ပီ ယူတာနဲ့ အိုးးးးးးးးးးးးးးးးးးနည်းနည်းနောနောလားနော်..
အဲတော့ အလွတ်မှတ်ဖို့လည်းခက်ခဲပါတယ်.. တခါတလေ သူများတွေ ပေးခင်ြတဲ့ခါ ဖုန်းနဲ့ ဆို အတော်ခက်ခဲမယ် ကော်ပီယူဖို့လေ  အဲတော့ ခုနည်းလေးနဲ့ အလွယ်လေး တိုတိုလိုရင်းပေးလိုက်မယ်ဆို အဆ်ငပြေမယ် လို့ အကြံပြုလိုရင်း တင်ပြလိုက်ပါတယ်နော်...အောက်မှာ ကြည့်လိုက်ပါ
ပထမဆုံး မိမိတို့ ထောင်ထားတဲ့ page ကိုသွားလိုက်ပါနော်..

 အပေါ်က Edit Page ကနေ ကလစ်ပြီး Edit Setting ဆိုတာကလစ်လိုက်ပါ။

အဲမှာ Page Info ဆိုတာကိုကလစ်လိုက်တာနဲ့  Name...Facebook Web Adress ဆိုတာတွေ
ရှိပါတယ်နော်... အဲနောက်က Edit ဆိုတာလေးကတေဘဲ ပုံမှာ ပြထားသလို ကလစ်ပြီး
မိမိနှစ်သက်ရာ လင့်တွေ အမည်တွေ ချိန်းလိုက်ပါနော်...အဆင်ပြေပါပြီ...နော်
ဒေါင်းနည်းများမသိပါက ဒီမှာ သွားကြည့်ပေးပါခင်ဗျာ
 
Top