iPhone.iPad.iPod တွေမှာ ရှားရှားပါးပါး နှိပ်စရာဆိုလို့ Home ခလုတ် တစ်ခုထဲကိုပဲ အဓိကထား အသုံးပြုနေကြရတာ အားလုံးသိကြမှာပါ..
အသုံးပြုတာကြာလာနဲ့ အမျှ Home ခလုတ်ဟာ နှိပ်မရတော့တာမျိုး မထိတထိဖြစ်နေတာမျိုး (သို့) လေးနေတာမျိုးတွေ ကြုံဖူးကြမယ်ထင်ပါတယ်..
အဲ့ဒီပြဿနာလေးကို အောက်က နည်းအတိုင်း ဖြေရှင်းနိုင်ပါတယ်..
စာဖတ်ပရိတ်သတ်ထဲက iDevice ပိုင်ရှင်များလည်း ဒီလိုအဖြစ်မျိုးကြုံနေရင် စမ်းသပ်နိုင်ဖို့ ပြန်လည်မျှဝေပေးလိုက်ပါတယ်..။
နည်းလမ်းကတော့..
၁။ iPhone.iPad. မှ ကြိုက်တဲ့ Application တစ်ခုခုကို ဖွင့်လိုက်ပါ (ဥပမာ:Safari,Mail)...
၂။ ပါဝါ Button ကို Slide to Power off ပေါ်လာသည်ထိ နှိပ်ထားပါ...
၃။ Slide to Power off ပေါ်လာရင် Powre Button ကို လွှတ်လိုက်ပြီး Home Button ကို (၁၀) စက္ကန့်မျှ နှိပ်ပေးလိုက်ပါ.. icon လေးတွေ ပုံမှန်အတိုင်း ပြန်ဖြစ်သွားရင် လွှတ်လိုက်ပါ..။
ပြီးပါပြီ....
ဝင်းကမ္ဘာကျော်
ဒေါင်းနည်းများမသိပါက ဒီမှာ သွားကြည့်ပေးပါခင်ဗျာ