This is the body of your page.


****************************************************
Root ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ Sony V4.3 တွင် မြန်မာစာ + ကီးဘုတ် ထည့်သွင်းခြင်း
****************************************************

ကျနော် သိသလောက် အချို့ Sony ဖုန်းများတွင် Root မဖောက်ခင် CWM/Twrp ကို ဦးစွာသွင်း နိုင်သလို အချို့ Sony ဖုန်းများတွင် Root ဖောက်ပြီးမှသာ CWM/Twrp ကို သွင်းနိုင်ပါသည်။

Sony V4.3 တို့တွင် Root ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ CWM/Twrp မှ ၀င်၍ မြန်မာစာ + ကီဘုတ် တို့ကို သွင်းနိုင်ရန် Flash Zip ဖိုင်လေး ပြုလုပ်ထားပါသည်။

လက်ရှိ Update Sony V4.3 တွင် Unicode Padauk Font ပါလာပါသည်။ ထိုဖောင့်ကြောင့် မြန်မာစာတွင် ၀ (၀လုံး) များကပ်နေပါသည်။ ထိုဖောင့်များကို ပြေလည်စေရန် ကိုကျော်စွာသွင် ရဲ့ Smartzawgyi ဖောင့်ကို ယူသုံးထားပါသည်။

မိမိ၏ဖုန်းကို သက်ဆိုင်ရာ CWM/Twrp အရင်သွင်းပါ။ SonyV4.3_mmFont_Installer.zip ဖိုင်ကို ဖုန်းရဲ့ Sdcard တွင် ထည့်ထားပါ။ ထိုနောက် မိမိဖုန်း၏ CWM/Twrp မှဝင်၍ zip ဖိုင်ကို Install လုပ်ပြီး Reboot ချပေးပါ။ မိမိဖုန်း၏ နေရာတိုင်းတွင် မြန်မာစာ မြင်နိုင်ပါပြီ။ Frozen Keyboard v1.1.3 တစ်ခါတည်း ထည့်ပေးထားပါသည်။ Reset ချတောင် မပျောက်နိုင်ပါ။ မည်သည့်ဖောင့်မှ မပျက်ပါ။

အကယ်၍ ကျနော့် Zip ဖိုင်ဖြင့် ထည့်ထားသော မြန်မာစာနှင့်ကီးဘုတ်ကို မနှစ်သက်ပါက ပြန်လည် ဖျက်ထုတ်နိုင်ရန် စီစဉ်ထားပါသည်။ SonyV4.3_mmFont_Uninstaller.zip ကို CWM/Twrp မှဝင်၍ Install ပြန်လုပ်ပါ။ မြန်မာစာနှင့်ကီးဘုတ် ပျက်သွားပါလမ့်မည်။

မသိသေးသော သူများအတွက် ကောင်းကျိုးသာ ရည်ရွယ်ပါသည်။ ကျနော်ကိုယ်တိုင်သုံး၍ အဆင်ပြေနေသော Zip ဖိုင်များကို အများအတွက် ပြန် Share ခြင်းဖြစ်ပါသည်။
( Zip ဖိုင် သုံးခြင်းကြောင့် ဖြစ်လာသော အကျိုးဆက်ကိုတော့ Zip ဖိုင်ပြုလုပ်သူမှ တာဝန်ယူမည် မဟုတ်ပါ။)


SonyV4.3_mmFont_Installer.zip Download link >>

http://www.mediafire.com/download/tu5xnjnyy5393xy/SonyV4.3_mmFont_Installer.zip

 


SonyV4.3_mmFont_Uninstaller.zip Download link >>
ဒေါင်းနည်းများမသိပါက ဒီမှာ သွားကြည့်ပေးပါခင်ဗျာ
 
Top