သတိထားမိကြလားမသိဘူးဗျာ ကျွန်တော်တို့ PC
ပေါ်မှာသုံးနေတဲ့ firefox browser မှာ တစ်ချို့ မြန်မာစာတွေ ဖုန်းတွေမှာလို (
-ျ ) လေးတွေ ( -ာ ) လေးတွေကပ်နေတာကို သတိထားမိကြလားမသိဘူးနော်
ဥပမာ တစ်ခုအနေနဲ့ ဒီ ( ပြဿနာ ) ဆိုတဲ့စာလေးကို ပဲ သူငယ်ချင်းတို့ PC ရဲ့
fireox browser ပေါ်မှာစမ်းပြီးရိုက်ကြည့်လိုက်ဘယ်လိုနေလဲလို့
ပုံ (၁)
ကျွန်တော် သတိထားမိတာတော့ ကြာပြီဗျ
ဘယ်လိုလုပ်ရမှန်းမသိလို့ စဉ်းစားနေတာ အခုတော့အစဉ်ပြေသွားပြီ ပုံ (၂) မှာလို
အစင်ပြေတဲ့သူတွေ ကတော့ကျော်သွားလိုက်ပေါ့နော် ပုံ (၁) မှာလိုအစင်မပြေတဲ့
သူတွေကတော့ အောက်မှာ Smart Zawgyi Pro ကို download ယူပြီး PC မှာ install
လုပ်လိုက်ပါ။
Smart Zawgyi Pro ကို PC မှာ install လုပ်တဲ့အခါမှာ တစ်ချို့ window
တွေမှာ click နှစ်ချက်နှိပ်ပြီး install လုပ်လို့ရပေမဲ့ တစ်ချို့ window
တွေမှာ မရခဲ့ရင် Smart Zawgyi Pro ကို copy ကူးပြီး control panel / font folder ထဲမှာ သွားထည့်လိုက်ပါ။ window 8.1 သမားတွေက
Smart Zawgyi Pro ထည့်ပြီးလို့ အစင်မပြေသေးဘူးဆိုရင် control panel / Font
folder ထဲက အရင် သုံးနေတဲ့ Zawgyi-One ကို Delete လုပ်ပေးလိုက်ပါ။
ပြီးသွားရင် Firefox browser ကိုဖွင့် Option / content ထဲမှာ Smart Zawgyi Pro ကိုလိုက်ပြောင်းပေးလိုက်ရင်ရပါပြီ။
ကျွန်တော် window 7 Home Premium / window 7 Ultimate / window 8.1 တွေမှာ စမ်းကြည့်တာအစင်ပြေပါတယ်။
အစင်ပြေပါစေ။
www.patheinit.com
Payephyo(ပုသိမ်အိုင်တီ)
ဒေါင်းနည်းများမသိပါက ဒီမှာ သွားကြည့်ပေးပါခင်ဗျာ