Android OS ဖုန်းများတွင်ရှိသော Contact များအား iPhone ပေါ်သို့ ပြောင်းလဲအသုံးပြုမည်ဆိုပါက Android ဖုန်းများ၏ Contact ဖိုင်စနစ်ဖြစ်သော vcf Contact ဖိုင်အား ကွန်ပျူတာတွင် ပထမဦးစွာထည့်သွင်း ထားရန်လိုအပ်မည်ဖြစ်သည်။ ပြုလုပ်ပုံမှာ
(၁) ပထမဦးစွာ Android ဖုန်းတွင်ရှိသော Contact များအား Export စနစ်ဖြင့် vcf backup ဖိုင်တစ်ခုပြုလုပ်ပါ။
(၂) ရရှိလာသော vcf ဖိုင်အား ကွန်ပျူတာပေါ်သို့ရွှေ့ပြောင်းပါ။
(၃) ကွန်ပျူတာတွင် Android ၏ vcf contact ဖိုင်ရရှိပါက Apple Device အား ကွန်ပျူတာတွင်ချိတ်ဆက်ပါ။
(၄) ကွန်ပျူတာတွင် Apple Device ချိတ်ဆက်ပြီးပါက iTool အား ဖွင့်ပြီး Apple Device နှင့် iTool ကိုချိတ်ဆက်ပါ။
(၅) iTool ပေါ်တွင်ပါဝင်သော Information စနစ်စနစ်အတွင်းသို့ ဝင်ပါ။
(၆) Information အတွင်းတွင် ရှိသော Inport အားနှိပ်လိုက်ပါက မိမိထည့်သွင်းမည့် ဖိုင်အမျိုးအစားအား ရွေးချယ်နိုင်မည်ဖြစ်သည်။ အဆိုပါ စနစ်အတွင်းတွင် Android Contact ဖိုင်ဖြစ်သော vcf ဖိုင်အား ရွေးချယ်လိုက်ပါ။
(၇) vcf ကိုနှိပ်လိုက်ပါက ကွန်ပျူတာတွင် မိမိထည့်သွင်းထားသော vcf ဖိုင်အား သွားရောက်ရွေးချယ်ပေးရမည်ဖြစ်သည်။
(၈) vcf ဖိုင်အားရွေးချယ်ပေးလိုက်ပါက iTool မှ Apple Device အ တွင်းသို့ Android Contact များအား ထည့်သွင်းပေးမည်ဖြစ်သည်။
(၉) Contact များရရှိပါက မြင်တွေ့ရသော Contact များအားလုံး ကို Select ပြုလုပ်လိုက်ပါ။ Select ပြုလုပ်ပြီးပါက iTool ၏အပေါ်ဘား တန်းတွင်ရှိသော Apply ကိုနှိပ်လိုက်ပါ။Android Contact များအား iDevice ပေါ်တွင်မြင်တွေ့ နိုင်မည်ဖြစ်သည်။
အထက်တွင်ဖော်ပြခဲ့သော Android မှ Apple သို့ Contact များပြောင်းရွှေ့အသုံးပြုခြင်းစနစ်တွင် မိမိပြုလုပ်လိုက်သော Android Contact ဖိုင်မှာ ဖိုင်အရွယ်အစား ကြီးမားနေပါက Apple ပေါ်သို့ပြောင်းရွှေ့ရန်ခက်ခဲနိုင်သောကြောင့် Android Contact vcf ဖိုင်များ ပြုလုပ်ရာတွင် Contact အရေအတွက် ပျမ်းမျှ ၂၀ သို့မဟုတ် ၃၀ ခန့်စီဖြင့်ခွဲကာ ဖိုင်များပြုလုပ်သင့်သည်။
ထို့ပြင်ဖုန်း Contact မဟုတ်သော အခြား mail Contact များရောနှောနေခြင်း၊ Facebook, Viber Contact များရောနှောပါဝင် နေခြင်းများရှိပါက အဆိုပါ Android Contact ဖိုင်အား Apple Device ပေါ်သို့ ထည့်သွင်းနိုင်မည်မဟုတ်ပါ။
Contact များပြောင်းရွှေ့အသုံးပြုခြင်းတွင်ယခုဖော်ပြခဲ့သော စနစ်နှစ်ခုမှာ iTool Application အားအသုံးပြုကာ ပြောင်းရွှေ့ ခြင်းနည်းလမ်းဖြစ်ပြီး Apple ၏ iCloud ကိုအသုံးပြု၍လည်း Contact များအား Apple မှ Android, Android မှ Apple သို့ပြောင်းလဲအသုံးပြု နိုင်မည်ဖြစ်သည်။
http://internetjournal.com
www.patheinit.com
Payephyo(ပုသိမ်အိုင်တီ)
ဒေါင်းနည်းများမသိပါက ဒီမှာ သွားကြည့်ပေးပါခင်ဗျာ