This is the body of your page.
Latest News

ပျောက်ဆုံးသွားသော ပို့စာများကို WhatsApp Messages မှာ 
အလွယ်တကူ ဘယ်လိုပြန်ရှာယူမလဲ။
မင်္ဂလာပါခင်ဗျာ
ဒီတစ်ခါ ကျနော် ပြန်လည်မျှဝေချင်တာက Communication ဆော့ဝဲတွေထဲမှာ
လူကြိုက်အများဆုံးလည်းဖြစ် တကယ်လည်း အသုံးဝင် မရှိမဖြစ် အသုံးပြုနေကြရတဲ့
WhatsApp Messager လေးမှာ မထင်မှတ်ပဲ ကိုယ့်မှာ သိမ်းဆည်းထားတဲ့
ဗွီဒီယိုတွေ၊ ဓါတ်ပုံတွေ၊ စာဖိုင်တွေ၊ အခြားသော အရေးကြီး ပို့စာလေးတွေကို
ပျောက်ပျက်နေခဲ့ရင်။ ဖုန်းကြောင်သွားလို့ လေးလန်လာလို့ ဖုန်းကို Reset ချမိလို့
ပြန်အသုံးပြုခါနီး ဒီဆော့ဝဲလေးကိုပြန်အင်စတော လုပ်ပြန်တော့လည်း
Restore မလုပ်တတ်လို့ ရှိရှိသမျှ ဖိုင်တွေ ပျောက်ပျက်သွားတာမျိုးကို
အလွယ်တကူ ဘယ်လိုပြန်ရှာယူမလဲ ဆိုတာလေးပါ။
 သိပ်အခက်ကြီးမဟုတ်ပါ အောက်မှာ ကျနော် ပုံလေးတွေနဲ့တကွ
အသေးစိတ်ရှင်းပြထားပါတယ်။ လေ့လာကြည့်လိုက်ပါ။

 WhatsApp Messages ဆော့ဝဲကို Bacukup လုပ်ယူနည်း

၁။ WhatsApp Messager ဆော့ဝဲကို ဖွင့်ပါ။
၂။ Chat Setting ထဲကိုဝင်ပါ။
၂။ Backup Conversations ကို နှိပ်ပါ။
၃။ ကွန်ပျူတာနဲ့ဖုန်းကို ချိတ်ဆက်လိုက်ပါ။ ဖုန်း Storage ထဲကိုဝင်လိုက်ပါ။
အဲဒီမှာဖုန်းရဲ့မာမိုရီ Phone storage ထဲမှာ WhatApp ဆိုပြီး
ဆော့ဝဲရှိတဲ့ (Folder) နေရာကို ပြနေပါလိမ့်မယ်။
 ၄။ WhatsApp Folder လေးကို Copy ကူးယူလိုက်ပါ။
မိမိကွန်ပျူတာထဲ သိမ်းဆဲထားလိုသောနေရာမှာ Past လုပ်လိုက်ပါ။
(တကယ်လို့ ကိုယ်က ပို့စာလေးကိုပဲ အလိုရှိတယ်ဆိုရင်တော့
WhatsApp Folder ထဲက Database folder လေးကိုသာ ကူးယူလိုက်ပါ)
 
 ဒီအဆင့်ထိက မိမိဖုန်းထဲက WhatsApp လေးကို Backup လုပ်ထားတာလေးပါ။
(Backup လုပ်တယ်ဆိုတာ ကိုယ့်ရဲ့ ဖိုင်တွေအားလုံးကို ပျောက်သွားမှာစိုးလို့ သိမ်းဆဲထားတာပါ။
တကယ်လို့ သုံးနေဆဲ ဆော့ဝဲလေးပျက်သွားခဲ့ရင်တော့ စောနားက မိမိ Copy ကူးယူထားတဲ့
ကွန်ပျူတာနေရာ၊ သိမ်းဆဲထားတဲ့နေရာကိုမှာ ဘာမှမပျေက်ပဲ နဂိုအတိုင်းရှိနေမှာ ဖြစ်ပါတယ်၊
Viber နဲ့ ဒီ WhatsApp စတဲ့ အရေးကြီး ဆော့ဝဲများကို Backup တော့ လုံးဝလုပ်ထားသင့်ပါတယ်။)

 WhatsApp Messages ဆော့ဝဲကို Restore လုပ်ယူနည်း

၅။ Restore လုပ်ဖို့ရန် စောနားက ဖုန်းထဲကနေ ကွန်ပျူတာကို ကူးယူထားတဲ့
(WhatsApp Folder လေးကို မာမိုရီ အသစ်တစ်ခုထဲ့သို့ ကူးထည့်လိုက်ပါ။
ဒီနေရာမှာ ဖုန်းကနှစ်လုံးရှိရင်တော့ ပိုကောင်းပါတယ်။
မိမိအသုံးပြုနေတဲ့ ဖုန်းမှာ တကယ်လို့သာ ဆော့ဝဲတစ်ခုလုံးပျက်သွားခဲ့ရင်တော့
ပြန်ပြီးအသစ် အင်စတောလုပ်မယ်ဆိုရင်တော့ နောက်ဖုန်းတစ်လုံးမလိုတော့ပါ
မိမိဖုန်းထဲက SD Card ထဲကိုသာ Copy ကူးထည့်လိုက်ပါ။
တကယ်လို့သာ စမ်းကြည့်တဲ့အနေနဲ့ဆိုရင်တော့ စောနားက မိမိကွန်ပျူတာထဲမှာ
သိမ်းဆဲထားတဲ့ WhatsApp Folder လေးကို SD Card ထဲကို ကူးထည့်လိုက်ပါ..။)

 ၆။ WhatsApp Messager ဗားရှင်းအသစ်ကို အင်စတော့လုပ်ပါ။

Download Here

OR

Download Here

၇။ အင်စတောလုပ်နေတုန်း Agree and Continue ဆိုတာကိုနှိပ်ပါ
၈။ Country Code ဆိုတဲ့နေရာမှာ မိမိနေတဲ့နိုင်ငံကိုရွေးပေးပါ
အပြာရောင်လေးနဲ့ ၀ိုင်းပြထားတဲ့နေရာမှာ။
Phone Number ဆိုတဲ့နေရာမှာ မိမိအသုံးပြုနေတဲ့ဖုန်းနံပါတ်ကိုထည့်
ပေးလိုက်ပါ။
(ဒီနေရာမှာ မိမိဖုန်းနံပါတ်အဟောင်း ပထမ whatsapp ကိုဖွင့်ထားခဲ့ဖူးတဲ့
ဖုန်းနံပါတ်ကို ထပ်ထည့်ပေးရမှာပါ)
၉။ ဖုန်းနံပါတ်ထည့်ပြီးတာနဲ့ သူ့အလိုလို အကောက်ဝင်နေပါလိမ့်မယ်
ဘာ Code မှ မတောင်းပါ၊ ပြီးတာနဲ့ Restore လို့ပေါ်လာတာနဲ့
နှိပ်ပေးလိုက်ပါ။
၁၀။ မိနစ်အနည်းငယ်ကြာပြီးတာနဲ့ မိမိမှာ ပျောက်ဆုံးသွားတဲ့
ဓါတ်ပုံတွေ၊ ဖိုင်တွေ၊ ပို့စာတွေအားလုံးဟာ Restore လုပ်ပြီးလို့ အောင်မြင်ကြောင်း
အောက်ကပုံအတိုင်း ပြနေပါလိမ့်၊
၁၁။ Continue ကိုထပ်နှိပ်ပေးလိုက်ပါ။
လပေါင်းများစွာက ပျောက်ဆုံးနေတဲ့ WhatsApp Messager ထဲက
အရာအားလုံးကို အလွယ်တကူ ရယူနိုင်ပါပြီ။

...အားလုံးပဲ Android တွင်ပျော်၍ တော်နိုင်ကြပါစေခင်ဗျာ...
 ...ဘ၀အမောတွေလည်း ပြေနိုင်ကြပါစေ...
...အားလုံးကို ခင်မင်လေးစားလျှက်...
  အဆင်ပြေပါစေ

ဇူးနစ်(နည်းပညာ)
 www.zunite.org

FB ချစ်ပရိတ်သတ်ကြီးများခင်ဗျား ဇူးနစ်(နည်းပညာ) ဆိုက်မှာ ဖုန်းဆော့ဝဲ ဂိမ်းများ သတင်းစသော အသစ်ကလေးများကို အချိန်နဲ့တစ်ပြေးညီ တင်ပေးနေတာမို့ FB Page လေးကို  LIKE ပေးပြီး အားပေးနိုင်ပါတယ်။(အားလုံးကို ကျေးဇူးတင်ပါတယ်)


 
Top