This is the body of your page.

တရုတ်နိုင်ငံမှ စမတ်ဖုန်း ထုတ်လုပ်သူ အုပ်စုကြီးတစ်စုကို  အက်ပဲလ်ကုမ္ပဏီက ထိထိရောက်ရောက် ယှဉ်ပြိုင် နိုင်ပါ့မလားဟု လူတိုင်းစဉ်းစားမိခဲ့ကြသည့် အချိန် က သိပ်မကြာလှသေးပါ။ အဲဒီနောက် ယခုတစ်ပတ်အတွင်းမှာပဲ အက်ပဲလ်ကုမ္ပဏီ၏ တစ်ဟုန်ထိုး အောင်မြင်သော ၀င်ငွေအစီ ရင်ခံစာ ထွက်ပေါ်လာခဲ့သည်။ အက်ပဲလ်၏ တရုတ်ဒေသ ဘဏ္ဍာမှာ တစ်နှစ်ထက်တစ်နှစ် ၇၀ ရာခိုင်နှုန်း မြင့်လာကြောင်း ယင်းအစီရင်ခံစာ၌ ဖော်ပြထားသည်။ အဓိကအားဖြင့် အသစ် ထွက်ရှိလာသော အိုင်ဖုန်းများကြောင့်ဖြစ်သည်။ ဒီရလဒ်က ယခုစာ၏အဖွင့်၌ မေးထားသော မေးခွန်းကို ဟုတ်ကြောင်း၊ မှန်ကြောင်း အတည်ပြုဖြေကြားလိုက်ခြင်းပဲ ဖြစ်သည်။ သို့သော် အက်ပဲလ်အနေဖြင့် အသက်ဖြောင့်အောင်ရှူနိုင်ပြီဟုတော့ မ ဆိုလိုသေးပါ။
တရုတ်စမတ်ဖုန်းထုတ်လုပ်သူများမှာ လျင်လျင်မြန်မြန်ပဲ ကြီးထွားလာနေကြသည်။ မကြာသေးမီအချိန်ကအထိ အမေရိ ကန်ရှိ မည်သူတစ်ဦးတစ်ယောက်မျှ မကြားဖူးခဲ့သော အားမာန်ပါ လှသည့် ကုမ္ပဏီတစ်ခုက ဦးဆောင်သည့် မြန်မြန်ဆန်ဆန် တိုးတက်နေသည့် စမတ်ဖုန်းကတော့ ရှောင်မီပဲဖြစ်ပါသည်။
ဘေဂျင်းအခြေစိုက် ရှောင်မီသည် တရုတ်နိုင်ငံ တွင်သာမက ကမ္ဘာတစ်ဝန်းလုံး၌ပါ စောင့်ကြည့်ရ မည့် အက်ပဲလ်ပြိုင်ဘက်အဖြစ် မြန်မြန်ဆန်ဆန် ပေါ်ထွက်လာနေသည်။ ပြီးခဲ့သည့်နှစ်က ရှောင် မီစမတ် ဖုန်းပေါင်း ၆၁ သန်း ရောင်းချခဲ့ရပြီး ယင်းပမာဏ မှာ ၂၀၁၃ ခုနှစ်ကထက် သုံးဆပို၍ ရောင်းအား တက်လာခြင်းပင်။ ပြီးခဲ့သည့် ရက်သတ္တပတ်အနည်း ငယ်အတွင်းက သက်တမ်းငါးနှစ်ရှိပြီဖြစ်သော ရှောင်မီ ကုမ္ပဏီသည် ရာဖြတ်တန်ဖိုး အမေရိကန်ဒေါ်လာ ၄၅ ဘီလီယံတွင် ထောက်ပံ့မှုအသစ်အဖြစ် ၁ ဒသမ ၁ ဘီလီယံ တိုးမြှင့်ခဲ့သည်။
လွန်ခဲ့သည့် ၂ နှစ်တာအတွင်းက ဦးတည်ချက်မှာ ပြည်တွင်း ဖုန်းရောင်းသူများအတွက်နှင့် ဆမ်ဆောင်းတို့ အတွက် ဈေးကွက်ကို စိုးမိုးချုပ်ကိုင်ရန်နှင့် အခြားဖုန်း ရောင်းသူများ အကျပ်အတည်းတွေ့အောင် ပြုလုပ်ရန် သာဖြစ်ခဲ့ကြောင်း သုတေသနလုပ်ငန်းကြီး Canalys မှ မိုဘိုင်းအဖွဲ့ လေ့လာသုံးသပ်ရေးအကြီးအကဲ ခရစ် ဂျုန်းစ်က ဆိုသည်။
‘‘သူတို့တွေက စမတ်ဖုန်းဈေးနှုန်းတွေကို လျှော့ချပစ်ပြီး မျက်နှာပြင်အရွယ်အစား နဲ့ အရည်အသွေးကို မြှင့်တင်လာကြ တယ်’’ ဟု ခရစ်ဂျုန်းစ်က ပြောသည်။
အိုင်ဖုန်းဈေး ထက်ဝက်မျှ လောက် ဈေးနှုန်းဖြင့် စမတ်ဖုန်း များကို ရှောင်မီက ရောင်းချ သည်။ တရုတ်လိုနိုင်ငံတစ်နိုင်ငံ တွင်တော့ ထိုအချက်ကကြီးမား သိသာထင်ရှားသည့် အပေး အယူ ကိစ္စကြီးတစ်ခုပဲ ဖြစ်ပါ သည်။ ဈေးမကြီးသည့် ဖုန်း များကို ရောင်းချခြင်းအပြင် ရှောင်မီ၏ မဟာဗျူဟာက သူ၏ ဖုန်းများကို အွန်လိုင်း တွင် အရင်းခံအားဖြင့် ရောင်းချရန်ဖြစ်ခဲ့သည်။ ဈေးကြီးသည့် တကယ့်အိမ်ခြံမြေကွက် တို့ဖြင့် ဆိုင်ဖွင့်ရောင်းချမှုမျိုး မလုပ်ခြင်းအားဖြင့် အကျိုးအမြတ် ကို ပိုမြှင့်တင်မည့် အစီအစဉ်ပဲဖြစ်သည်။
ထို့အပြင် ရှောင်မီက ကြိုတင်မှာယူစနစ်ကိုလည်း သုံးသေး သည်။ ၀ယ်ယူသုံးစွဲသူထံမှ အော်ဒါရပြီး၊ ငွေချေပြီးမှ ဖုန်းကို ထုတ်လုပ်ခြင်းဖြစ်သည်။ မကြာခဏ ကျဆင်းနေသော စမတ်ဖုန်း အစိတ်အပိုင်းများ၏ ဈေးနှုန်းနှင့်ဆိုလျှင် ဖုန်းကို အရင်ရောင်းခြင်း ထက် အော်ဒါရပြီးမှ ဖုန်းကိုထုတ်လုပ်သည့် စရိတ်က ပိုသက် သာနေသည့်အတွက်ကြောင့် ရှောင်မီအနေဖြင့် အကျိုးအမြတ် ရရှိနေကြောင်း ဘေဂျင်းအခြေစိုက် အပြည်ပြည်ဆိုင်ရာ လေ့ လာသုံးသပ်သူများအဖွဲ့မှ ၀မ်ဂျွန်က ဆိုသည်။
ရှောင်မီ၏ အမှုဆောင်အရာရှိချုပ် လီဂျွန်ကိုယ်တိုင်က နှိုင်း ယှဉ်မှုများကို ကန့်ကွက်တတ်သော်လည်း လီဂျွန်ကို ‘တရုတ် ပြည်၏ စတိဗ်ဂျော့ဘ်’ ဟု အများက ခေါ်ဝေါ်နေကြပါပြီ။ ရှောင်မီ ကုမ္ပဏီသည် တရုတ်သုံးစွဲသူ သန်းပေါင်းများစွာ ရရှိထားပြီးဖြစ် သည်။ ထို့အပြင် အက်ပဲလ်ကဲ့သို့ ပင် သူ့ပရိသတ်များအကြားတွင် ခိုင်မာသည့် အမှတ်တံဆိပ် သစ္စာစောင့်သိခြင်းကို လက်ဝယ်ပိုင် ဆိုင်ရရှိထားလေသည်။
‘‘ကျွန်တော့်မှာ ရှောင်မီဖုန်း သုံးလုံးရှိတယ်’’ ဟု ဘေဂျင်းက ဇာတ်ရုံတစ်ရုံမှ အရောင်းမန်နေဂျာ ဟောင်ရန်က ပြောသည်။
‘‘အိုင်ဖုန်းက အရမ်းဈေးကြီးပြီး တန်လည်းမတန်ဘူး’’ ဟု သူက ဆို၏။
ယင်းအချက်က ကုမ္ပဏီနှစ်ခုစလုံးကို ကောင်းကောင်း အသုံး ၀င်စေပါသည်။ အဘယ်ကြောင့်ဆိုသော် တစ်ခုချင်းစီက ဈေး ကွက်၏ မတူညီသော အစိတ်အပိုင်းတစ်ခုဆီသို့ ရည်ရွယ်၍ပဲ ဖြစ်၏။ အိုင်ဖုန်းအတွက် အာမခံရှိမှု ၀ယ်ယူသူများရှိနေပြီး ရှောင်မီအတွက် ဈေးနှုန်းသတိထားသူများ ရှိနေပါသည်။
‘‘ရှောင်မီသုံးတဲ့လူထုက အဲဒီလောက်ကြီးလည်း အိုင်ဖုန်း သုံးသူတွေနဲ့ မထပ်ပါဘူး။ အထူးသဖြင့် မတူတဲ့ တံဆိပ်တစ်ခုက စမတ်ဖုန်းတစ်လုံးကို ဘယ်တော့မှမ၀ယ်မယ့် သစ္စာရှိတဲ့ ရှောင်မီ နဲ့ အက်ပဲလ်ပရိသတ်တွေနဲ့ ဆိုရင်ပေါ့’’ ဟု ၀မ်ဂျွန်က ဆိုသည်။
တရုတ်စားသုံးသူအချို့အတွက်မူ ဈေးနှုန်းစဉ်းစားခြင်းဆို သည့်ကိစ္စထက် ပိုပါသည်။ သူ့ကိုယ်ပိုင်လွတ်လပ်မှု၊ လုံခြုံမှုနှင့် ပတ်သက်၍ အက်ပဲလ်နှင့် ဆမ်ဆောင်းတို့က အပေးအယူညှိနေ ခြင်းကို စိုးရိမ်ကြောင်း အသက် (၂၇) နှစ်အရွယ် ရန်က ဆိုသည်။
‘‘တရုတ်စမတ်ဖုန်း ထုတ်တဲ့သူတွေကို ကျွန်တော် ပိုယုံ ကြည်တယ်’’ ဟု သူက ပြောသည်။
မကြာသေးမီလများက တရုတ်အစိုးရသည် နိုင်ငံခြား ဟာ့ဒ် ၀ဲနှင့် ဆော့ဖ်ဝဲထုတ်လုပ်သူများနှင့် အင်တာနက်လုပ်ငန်းကြီး များအပေါ် ကန့်သတ်တားမြစ်ချက်များ ချမှတ်လိုက် သည်။ ယင်းကဲ့သို့ စည်းမျဉ်းစည်းကမ်းများမှာ ဆန်း သစ်တီထွင်မှုများကို ရပ်တန့်စေပြီး တရုတ်နိုင်ငံတွင် စီးပွားရေးလုပ်ငန်း ပိုခက်ခဲစေကြောင်း အမေရိကန် ကုမ္ပဏီများက စောဒက တက်ထားကြပါသည်။
   ယခုထက်ထိတော့ ယင်းအတွက်ကြောင့် အက် ပဲလ်ကို အဟန့်အတား အနှောင့်အယှက်ဖြစ်စေပုံ မပေါ်သေးပါ။ တရုတ်၊ တိုင်ပေနှင့် ဟောင်ကောင်တို့ အကျုံးဝင်နေသည့် အက်ပဲလ်ကုမ္ပဏီ၏ Greater China ဒေသ ဘဏ္ဍာငွေ မှာ အောက်တိုဘာ-ဒီဇင်ဘာ သုံး လပတ်ကာလအတွက် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၆ ဒသမ ၁ ဘီလီယံရှိခဲ့ပါသည်။ ၇၀ ရာခိုင်နှုန်း မြင့်တက်မှုမှာ အက်ပဲလ်အတွက် ဒေသတွင် အကြီး ဆုံးရာခိုင်နှုန်း ခုန်တက်လာခြင်းပင် ဖြစ်သည်။ နှိုင်း ယှဉ်ကြည့်လျှင် ၎င်း၏ အမေရိကန်ဘဏ္ဍာမှာ အစော ပိုင်းတစ်နှစ်နှင့် ယှဉ်ပါက ၂၃ ရာခိုင်နှုန်းသာ မြင့်တက် ခဲ့၏။
     တရုတ်နိုင်ငံတွင် အက်ပဲလ်၏ အောင်မြင်မှုမှာ တရုတ်သုံးစွဲသူများ သဘောကျသည့် မျက်နှာပြင်  ကြီးကြီးစမတ်ဖုန်းများဖြစ်သော iPhone 6 နှင့် iPhone 6 plus ကြောင့် အဓိကဖြစ်သည်။ တရုတ် သုံးစွဲသူ အများအပြားမှာ ဖုန်းများကို ၎င်းတို့ အဓိကအားဖြင့် အင်တာနက်ချိတ်ဆက်သော ပစ္စည်းအဖြစ် သုံးစွဲကြသည်။ ထို့အတွက် ကြီးမားသော မျက်နှာပြင်အရွယ်အစားများ ကသာ ပိုအကျိုးများ အလုပ်ဖြစ်ပါသည်။
ထို့အပြင် လူမှုစီးပွားရေးအ ကြောင်းရင်းများလည်း ရှိပါသေး သည်။ တရုတ်လူဦးရေ သန်း ပေါင်းများစွာ ပိုဥစ္စာပေါချမ်းသာ လာပြီး လူလတ်တန်းစားများ ဖြစ်လာကြသည့်အခါ အဆင့် အတန်းနှင့်
အမှတ်တံဆိပ်များက ပိုမိုအ ရေးပါလာပါသည်။ အက်ပဲလ်က ယင်းအချက်နှင့် ကွက်တိအံဝင် နေကြောင်း ကွန်းနဲလ်တက္ကသိုလ် စီမံခန့်ခွဲမှုနှင့် ဘဏ္ဍာရေးဌာန ပါ မောက္ခ မာရီလို ကမ်ပဲလ်လိုက ပြောသည်။
‘‘ကယ်လီဖိုးနီးယားတွင် ထုတ်လုပ်သည်ဆိုတဲ့ ဂုဏ်တစ်ခု ခင်ဗျားရမယ်ဗျာ။ ရှောင်မီနဲ့ဆို ရင် စမတ်ဖုန်းတစ်လုံးရှိရင် သုံး လို့ရမယ့်ဟာတွေ လက်တွေ့သုံး လို့ရမယ်။ ဒါပေမဲ့ အထင်ကြီးစ ရာတော့ မဟုတ်ပါဘူး’’ ဟု ပါ မောက္ခ မာရီလိုကမ်ပဲလ်လိုက ပြောသည်။
ယင်းသဘောထားအမြင်ကို ဘေဂျင်းတွင်နေထိုင်သည့် အ သက် (၂၀) အရွယ် ကန်ယုက လည်း ထပ်လောင်းပြောလာပါ သည်။
‘‘iPhone 6 ထွက်လာတုန်း က ကျွန်မ ချက်ချင်း တစ်လုံး ၀ယ် ပစ်လိုက်တယ်’’ ဟု ကန်ယုက ပြောသည်။ သူ့နားကလူတွေက ရှောင်မီဖုန်းတွေကောင်းကြောင်း သူ့ကို ပြောပြကြကြောင်းလည်း ပြော၏။
သူက ဆက်လက်ပြီး ‘‘ဒါ ပေမဲ့ ကျွန်မကိုယ်တိုင်အတွက်ဆို ရင် ကျွန်မသူငယ်ချင်းအားလုံး နီးပါးက အိုင်ဖုန်းတွေကို သုံးနေ ကြတာဆိုတော့ ရှောင်မီလို တ ရုတ်တံဆိပ်ဖုန်းတစ်လုံးကို ကျွန်မ ကိုင်ရင် လူရှေ့သူရှေ့ ထုတ်ကိုင် ဖို့ ကျွန်မ တော်တော် စိတ်ကသိ ကအောက်ဖြစ်မိမှာ’’ ဟု ဆို၏။
တစ်နှစ်ထက်တစ်နှစ် အိုင် ဖုန်းရောင်းအားသည် တရုတ် ပြည်မတွင် နှစ်ဆမြင့်တက်လာ ခြင်းကြောင့် အိုင်ဖုန်းအသစ်များ အတွက် ရုတ်ရုတ်သဲသဲ ဖြစ်မှုမှာ အလွန်သိသာလှပါသည်။ တရုတ် ပြည်မတွင် ယူနစ် မည်မျှရောင်း ချခဲ့ကြောင်းကိုမူ အက်ပဲလ်က မသတ်မှတ်ခဲ့ပါ။
လေ့လာသုံးသပ်သူများအ ခေါ်အဝေါ်နှင့်ဆိုလျှင် အက်ပဲလ် ၏ ကြီးထွားမှုကို အပြတ်အသတ် လုံးဝဆွဲဆောင်မှုရှိခြင်းဟု အမှု ဆောင်အရာရှိချုပ် တင်မ်ကွတ်ခ် က သုံးနှုန်းခေါ်ဝေါ်ခဲ့သည်။
‘‘ဒီသုံးလမှာ ပြည်တွင်းယှဉ် ပြိုင်မှုက သိသိသာသာ ရှိနေခဲ့ပြီး အရင် သုံးလပတ်တွေတုန်းက လည်း ပြိုင်နေခဲ့ကြတာပါပဲ။ ကျွန် တော်တို့ တကယ်ကောင်းကောင်း လုပ်ခဲ့တယ်လို့ ထင်ပါတယ်’’ ဟု ကွတ်ခ်က ဆိုသည်။
ပြိုင်ဆိုင်မှုများ၏ ရလဒ်အ ဖြစ်၊ အစောပိုင်းသုံးလပတ်က ဆို လျှင် တရုတ်စမတ်ဖုန်းရောင်းချ သူများအကြား နံပါတ် (၇) နေရာ တွင်သာ ရှိခဲ့သော Cupertino, Calif ကုမ္ပဏီမှာ ပြီးခဲ့သည့်နှစ် နောက်ဆုံးသုံးလအတွင်း စမတ် ဖုန်းသယ်ယူပို့ဆောင်ခြင်းအ တွက် နံပါတ် (၁) နေရာကို တက် ချိတ်ခဲ့သည်။ Canalys ၏ စစ်တမ်း အရ ရှောင်မီက နံပါတ် (၂) ဖြစ်ခဲ့ ပြီး ယင်းနောက်တွင် ဆမ်ဆောင်း နှင့် ဟွာဝေးတို့ ကပ်လိုက်နေ သည်။
‘‘ဒါက အံ့မခန်းရလဒ်တစ်ခု ပါပဲ။ တရုတ်စမတ်ဖုန်း ရောင်းသူ တွေက နိုင်ငံတကာမှာ နေရာ မြန် မြန်ဆန်ဆန် ရယူနေချိန်မှာ သူ တို့မိခင်နိုင်ငံ ဈေးကွက်မှာ သူတို့ ကို အက်ပဲလ်က ပြောင်းပြန်လုပ် ပစ်လိုက်တယ်’’ ဟု Canalys က အစီရင်ခံစာတွင် ဖော်ပြထား သည်။
၂၀၁၆ နှစ်လယ်တွင် Greater China လက်လီဆိုင်ခန်း နေရာပေါင်း ၄၀ အထိ နှစ်ဆမြှင့် တင်ဖွင့်လှစ်နိုင်ရန် အက်ပဲလ်က စီစဉ်ထားသည်။ ယခုလအတွင်း ယင်းဒေသ၌ စတိုင်းဆိုင်နှစ်ဆိုင် ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။ ဖုန်းစတိုး ဆိုင်များများ ဖွင့်နိုင်ရောင်းနိုင်ဖို့ အတွက် စတိုးဆိုင်အလုပ်သမား များ တရုတ်တွင် ပြန်လည်အခြေ ချရန် အက်ပဲလ်က ကမ်းလှမ်းမြှူ ဆွယ်ထားသည်ဟု ဆိုသည်။
ယခုအချိန်တွင် အက်ပဲလ် က ထိပ်တန်းဖြစ်နေနိုင်ပါသည်။ သို့သော် တရုတ်က အငွေ့ပျံ ပျောက်လွယ်၊ ပြောင်းလဲလွယ် သော နုနယ်သော ဈေးကွက်တစ် ခုသာ ဖြစ်သည်။ အက်ပဲလ်ကုမ္ပ ဏီအနေဖြင့် တရုတ်မှာသာမက ဈေးနှုန်းကို တွက်ချက်စဉ်းစား လေ့ရှိသည့် အခြားဈေးကွက်များ တွင်ပါ ၎င်း၏ အဆင့်ကို လိုလို လားလား ရွေးချယ်စရာ အမှတ် တံဆိပ်အဖြစ် ထိန်းသိမ်းနေချိန် မှာပင် အဆက်မပြတ် တီထွင် ဆန်းသစ်နေရပါလိမ့်မည်။ တစ် ချိန်တည်းမှာပင် အခြားအဓိက နည်းပညာလုပ်ငန်းများကလည်း ဆက်တိုးဝှေ့နေရာလုနေကြဦး မည်ပင်။ လာမည့်လများတွင် ကြီးမားသည့် အတက်အကျ၊ အ ပြောင်းအလဲများ ဖြစ်လာမည်ဟု မျှော်လင့်ကြောင်း လေ့လာသုံး သပ်သူများက ပြောကြားသည်။
‘‘ထိပ်တန်းရောင်းချသူတွေ ကြားက ဈေးကွက်ရှယ်ယာက အရမ်းကို နီးကပ်ပါတယ်။ အဲဒါ ကြောင့် လေသာလမ်းကြောင်းမှန် တိုက်ခတ်ရင် သူတို့အကုန်လုံး ဦးဆောင်နေရာဆီ ရောက်နိုင်ပါ တယ်’’ ဟု သုတေသနလုပ်ငန်း ကြီး Canalys မှ မိုဘိုင်းအဖွဲ့ လေ့ လာသုံးသပ်ရေးအကြီးအကဲဖြစ် သူ ခရစ်ဂျုန်းစ်က ဆိုသည်

                                                Download ►: ►''  Here ''
     
                                      www.patheinit.com
                             
Payephyokyaw(ပုသိမ်အိုင်တီ)

                                       ပုသိမ်နည်းပညာ
 
Top