ဒီ Post က ကျွန်တော်ကဲ့သို့
Blogger ပေါက်စလေးများအတွက်သာ ရည်ညွှန်းပါသည်။ ဆရာ ဆရာကြီးများ ဖတ်မိပါက
ကျွန်တော် သိသော အသိလေးများဖြင့် ကျွန်တော်ရဲ့ Blog ရေးဖော်
ရေးဖက်များအတွက် သိသမျှ မှတ်သမျှဖြင့် ရေးသားပေးခြင်းဖြစ်သောကြောင့် ဆရာ
ဆရာကြီးများ အတွက် သေးနှုတ်မည် ဖြစ်သောကြောင့် ကြိုတင်၍ ဒီ Post ဟာ
မသက်ဆိုင်ပါကြောင်း ဒီ Post ကို ကျော်သွားပါရန် လေးစားစွာ
ပြောကြားအပ်ပါသည်။
Blogger များမှာ မိမိတို့ Blog ကိုMenu များပါသော Template များဖြင့် ပြောင်းလဲလိုက်သည့်အခါ ထို Menu များကို မိမိတို့စိတ်ကြိုက်အမည်ဖြင့် ပြောင်းလဲခြင်း။ ပြီးမိမိတို့ Post Lable များဖြင့် ချိတ်ဆက် နည်းလေးကို ပြောပြပေးပါမည်။ အရေးကြီးတာက Post တင်တဲ့အခါတိုင်း မိမိတို့ရဲ့ Post အမျိုးအစားကို Label သက်မှက်ထားဖို့ လိုအပ်ပါသည်။ ဒါမှ Menu များဖြင့် ချိတ်ဆက်လျှင် အဆင်ပြေနိုင်ပါမည်။
ပထမဦးဆုံး အရေးကြီးတဲ့ Post သည့်အခါ Labels များကို ခွဲခြား
ထားဖို့လိုပါသည်။ ဆိုလိုတာကတော့ သင့်ရဲ့ Blog တင် Android Menu အတွင်း Sub
Menu အဖြစ် Application, Games, Firmwares, Knowledge အဖြစ် ထည့်မည်ဆိုပါက
ထို Sub Menu အတွက် Application ဆိုသော label ဖြင့် Android Application
များ Post တင်ထားရမည်။ ထိုအတူ Games, Fimwares, Knowledge အတွက်လည်း
အတူတူပဲ ဖြစ်ပါသည်။ ထိုသို့ Label များခွဲပြီး Post တင်ထားမှသာလျှင် Menu
များ ချိတ်ဆက်နိုင်မည်ဖြစ်ပါသည်။ Lablel ထည့်ရန်အတွက် အောက်တွင်ပြထားသော
Blog Post ရေးသား သည့် အခါတိုင် Publish အောက်တွင်ရှိသော Labels ကို
ရွေးချယ်ပြီး Label များ သက်မှက်နိုင်ပါသည်။ တစ်ခါ သက်မှတ်ပြီးသော Label
နှင့်ဆိုင်သော Post ကို တင်လျှင် ထပ်ရေးစရာ မလိုဘဲ ထို Label ထဲမှ အရင်
သက်မှတ်ထားသော Label အမည်ကို ရွေးပြီး တင်နိုင်ပါသည်။
အောက်တွင်ပြထားသည်မှာ ကျွန်တော် Blog တွင် သက်မှတ်ထားသော Labels များပဲဖြစ်ပါသည်။
ဒီလောက်ဆိုလျှင်
Label အကြောင်းနားလည်မည်ထင်ပါသည်။ နောက်ထပ် Label များကို Menu သက်မှတ်
ချိတ်ဆက်ပုံအကြောင်းပြောပြပေးပါမည်။ မိမိသည် မိမိ Blog Menu ကို
ဘယ်လိုအမည်ပေးမည် မည်သည့် Label ဖြင့် ချိတ်ဆက်မည်ကို ကြိုတင်
စဉ်းစားထားရန်လိုအပ်ပါသည်။
မိမိရဲ့
www.blogger.com ကို အရင်ဆုံး Sign In ၀င်လိုက်ပါ။ ဒါဆိုရင်အောက်ပါအတိုင်း
မြင်ရပါမည်။ ကျွန်တော် ပြထားသည့်အတိုင်း Template ကို ၀င်လိုက်ပါ။
Template ထဲသို့ရောက်ပြီဆိုပါက အရေးကြီးတာက သင်မပြု ပြင်ခင် သင်ရဲ့
Template ကို အရင်ဆုံး Backup လုပ်ထားပါ။ ဒါမှ သင်ရဲ့
ပြုပြင်လိုက်မှုကြောင့် Blog ရဲ့ Template ပြသမှုဆိုင်ရာ အဆင်
မပြေဖြစ်ခဲ့လျှင် ပြန်ပြီး Restore ပြန်လုပ်နိုင်ရန်အတွက်ဖြစ်ပါသည်။
အမြဲတမ်း Template ပြင်ဆင်ပြီးတိုင်း Backup လုပ်သင့်ပါသည်။ ဒါမှ
အဆင်မပြေဖြစ်လျှင် Restore ပြန်လုပ်နိုင်ရန်ဖြစ်ပါသည်။
Bloger များအနေဖြင့် html, css နှင့် java script ကို အနည်းငယ် တီးမီး
ခေါက်မိ လေ့လာထားလျှင် တောင့် အခု Template အတွင်း ၀င်ရောက် ပြင်ဆင်မှုကတော့
အလွယ်တကူ လုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။ လုပ်ဆောင်မှုတိုင်းအတွက်လည်း
မှားယွင်းမှု မရှိ လုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။
ကဲ Backup/Restore နှိပ်လိုက်ပါက အောက်ပါအတိုင်း
ဒီနေရာမှာ Download Full Template ကတော့ Template တစ်ခုလုံးကို Backup
File Download လုပ်ထားရန် ဖြစ်ပါသည်။ Upload ကတော့ တစ်ချိန်ချိန်
ဒေါင်းထားတဲ့ Template သို့ တခြား Template ဖိုင်ကို ပြောင်းလဲဖို့အတွက်ပဲ
ဖြစ်ပါသည်။ Browse ကနေ ထို Template ဖိုင်ကို ရွေးပြီး Upload လုပ်ရန်ပဲ
ဖြစ်ပါသည်။
ကဲ Template Backup နှင့် Restore ကို သိပြီဆိုပါက နောက်ထပ် Template ကို
ပြင်ဆင်ရန်အတွက် အောက်တါင် ပြထားသည့် Edit HTML ကို နှိပ်လိုက်ပါ။
အောက်ပါပုံအတိုင်း
မြင်တွေ့ရပါမည်။ ကျွန်တော် ပြထားသည့်အတိုင်း Jamp to widget ကိုနှိပ်ပြီး Header1 ကိုရွေးလိုက်ပါ။
မြင်တွေ့ရပါမည်။ ကျွန်တော် ပြထားသည့်အတိုင်း Jamp to widget ကိုနှိပ်ပြီး Header1 ကိုရွေးလိုက်ပါ။
ဒါဆိုရင် Html codes များ အကုန်လုံး ပေါ်လာပါလိမ့်မည်။ ဒီနေရာမှာ တစ်ခုပြောလိုတာက Header1 ကို ရွေးလိုက်တာနှင့် ကျွန်တော် ၀ိုင်းပြထားသော Menu Link များတန်းပေါ်လာပါလိမ့်မည်။ ဒီလို မတွေ့ရင်တော့ တခြားနည်းနဲ့ ရှာရမှာပေါ့။
ကျွန်တော်ရဲ့ Menu တွင်ရှိသော Menu1 ကို ရိုက်ပြီး Enter နှိပ်လိုက်ပါသည်။ ဒါဆိုရင်လည်း Menu အတွက် Html Codes များ ပေါ်လာပါလိမ့်မည်။
ကဲ ကျွန်တော်အောက်တွင်ပြထားသည့် အစိမ်းရောင်အ၀ိုင်းအတွင်းရှိ Menu1,
Menu2, အစရှိသည်တို့ကို သင်ထားမည့် ခေါင်းစဉ်ကို ရေးလိုက်ပါ။ ဆိုလိုတာက
Menu1 ကို ဖျက်ပြီး Android ပေါ့။ Android အောက်မှာ Application, Games,
Root, Firmwares အစရှိသည်ဖြင့် ခေါင်းစဉ်ခွဲထားမည်ကို Sub1, Sub2, Sub3,
Sub4 နေရာတွင် ဖျက်ပြီး ရေးပါ။ ကဲလိုအပ်နေတဲ့ ခေါင်းစဉ်ကအစားထိုးနည်းရပြီ
ထင်ပါသည်။ နောက်ထပ်အရေးကြီးတာ သင့်က sub4 ထိပဲပါလို့ နောက်ထပ်
ထည့်မည်ဆိုပါက ဒီပုံအောက်ကို ကြည့်ပါ။ ကျွန်တော်တစ်ဆက်တည်း ပြောပြပေးပါမည်။
နောက်ထပ် ထပ်ထည့်မည်ဆိုပါက စတင်ပြီး sub4 စာကြောင်းကို
Sub4
အားလုံးကို
ကူးပြီး အောက်တစ်ကြောင်းမှာထည့်လိုက်ပါ။ Sub4 ရဲ့ နောက်ဆုံး

နောက်ကနေ
အောက်တစ်ကြောင်းမှာထည့်လိုက်ပါ။
ကျွန်တော် အောက်ကပုံတွင် ကျွန်တော်ကတော့ Sub4
နှစ်ကြောင်းထပ်ထည့်လိုက်ပါသည်။ ကျွန်တော် ပြောတဲ့အတိုင်း သေချာကူးပါ။ error
မတတ်အောင်လို့ပါ။ Html codes error တတ်သွားလျှင် အဆင်မပြေဖြစ်နိုင်ပါသည်။
ကဲ့ အမည်တွေပေးပြီးပြီဆိုရင်တော့ ကျွန်တော်တို့ တင်ထားတဲ့ Post ရဲ့ Label များနှင့် အမည်ပေးထားတာကို ချိတ်ဆက်ဖို့ နည်းပဲကျန်ပါတော့်တယ်။ ဒါတွေကို ကျွန်တော်က အောက်ပါအတိုင်း Menu ကို အမည်ပေးထားလိုက်ပါမည်။
ဒါဆိုရင်တော့ အောက်ပါအတိုင်း Page မှာပေါ်လာပါလိမ့်မည်။ ကဲဒါဆိုရင် Menu တွေကို စိတ်ကြိုက် အမည်ပေးခြင်း။ ပြီး Sub Menu တွေကို စိတ်ကြိုက်ထည့်သွင်းခြင်းကို နားလည်မည်ထင်ပါသည်။
ပြောမှတော့ မထူးတော့ဘူးဗျာ နောက်ထပ် Menu တွေထပ်ထည့်ခြင်းကို ပြောပြပေးအုံးမယ်ဗျာ။ ဒီမှာ Menu က 8 ခု ပါတယ်။ ကျွန်တော်က နောက်ဆုံး Menu8 ရဲ့နောက်မှာ ဆက်သွယ်ရန် ဆိုတဲ့ Menu လေးကို ထည့်မယ်ဗျာ။ အဲဒါဆိုအစောက Html codes ကို ထပ်ထည့်ရမှာပေါ့ ဒါဆို Menu8 ရှိရာ Html codes ထိသွားလိုက်ပါ။ ကဲအောက်မှာ Menu8 ကို သူရဲ့ Sub Menu များဖြင့် တွေ့ရမှာပါ။
ဒီနေရာမှာ နောက်ဆုံးက ထည့်ပေါင်းမဲ့ Menu ကို Sub Menu ကော ထည့်မှာလား မထည့်ရင် Menu ကိုကြည့်ထားမှာလား နှစ်မျိုးစလုံးကို ပြောပြပေးပါမည်။ Menu လေးတင်ဆိုရင်တော့

Menu8 ထိကူးပြီး နောက်က
ထည့်ပေးပါ။
တကယ်လို့ Sub Menu တွေကောဆိုရင်တော့ အောက်ကအတိုင်း Menu8 ကို အကုန်ကူးရပါမည်။

Menu8

Sub1

Sub2

Sub3

Sub4

Sub5

ကဲ နှစ်ခုထဲက လိုချင်တာကို ကူးပြီးရင်တော့ Menu8 ရဲ့ Sub5 အကြောင်းအောက်က အဆုံး

နောက်ကနေ ထည့်ပေးရပါမည်။ ကျွန်တော်ကတော့ Menu လေးတင် ကူးပြီး Contact လို့ ထည့်ပေးလိုက်ပါသည်။ အောက်တွင်ကြည့်ပါ။
ဒါဆိုရင် Page ပေါ်မှာ ပေါ်လာမည့် ဆက်သွယ်ရန် Menu လေးကို ကြည့်ပါ။
ဒါဆိုရင်တော့ Menu နှင့် Sub Menu တွေကို
စိတ်ကြိုက်ထည့်သွင်းနိုင်ပြီးဆိုတော့ Blog post ရဲ့ Label တွေနှင့်
ချိတ်ဆက်ပုံကို ထပ်မံပြောပြပါမည်။ သင့်ရဲ့ Page ထဲမှာ Post Label
ထည့်ထားရင်လည်း ထိုထဲမှ တစ်ခုချင်းစီကနေ ယူလို့ရပါသည်။ ဒါမှမဟုတ်
ကျွန်တော်ပြထားသည့် သင်တင်လိုက်သော Post ထဲတွင် Post Label ကို ပြပေးပါသည်။
ထို Label ကို Mouse Right-Click နှိပ်ပြီး ပေါ်လာသည့် Command Box ထဲမှ
Copy Link Location ကိုနှိပ်လိုက်ပါ။

နောက်ကနေ ထည့်ပေးရပါမည်။ ကျွန်တော်ကတော့ Menu လေးတင် ကူးပြီး Contact လို့ ထည့်ပေးလိုက်ပါသည်။ အောက်တွင်ကြည့်ပါ။
ဒါဆိုရင် Page ပေါ်မှာ ပေါ်လာမည့် ဆက်သွယ်ရန် Menu လေးကို ကြည့်ပါ။
အောက်တွင်ပြထားပါသည်။ ကဲ ဒါဆိုရင် ကူးပြီးပြီဆိုရင်တော့ ထို Label ကို Android Menu ရဲ့အောက်ရှိ Application နှင့် ချိတ်ဆက်ပုံကို Html codes များသို့သွားပါမည်။
ကဲ ကျွန်တော်ပြထားသော ကျွန်တော်ရေးထားသည့် Applications ၏ သက်ဆိုင်ရာ ယခု ကူးထားသော Copy Link Location ကို ပြထားသည့် '#' တွင် # ကို Select လုပ်ပြီး Ctrl+V ဖြင့် Past လုပ်ပေးရပါမည်။ ' ' လေးတွေကိုတော့ မပျက်သွားပါစေနဲ့ လုံးဝအလုပ်မလုပ်ပါ။
ကဲ ဒါဆိုရင်တော့ ရမည်ထင်ပါသည်။ ကျွန်တော်ကလည်း နည်းနည်း ပြီးပြီးရော မရေးတတ်တဲ့အတွက် ရက်နည်းနည်း ကြာသွားပါသည် sorry ပါ ကိုချမ်းလေး(CM-SQUARE)ရေ။ အလုပ်ပိတ်ရက်လည်း မနားလိုက်ရတဲ့အတွက် ရေးမဖြစ်သွားတာပါ။
အဆင်မပြေတစ်စုံတစ်ရာ ရှိခဲ့သော ကျွန်တော် ကိုမြတ် (MICT Garden) ကို mckomyat@gmail.com မှ ဖြစ်စေ။ www.mictgarden.com ရဲ့ Live Chat မှဖြစ်စေ ဆက်သွယ် မေးမြန်းနိုင်ပါသည်။
အဆင်မပြေမှုတစ်စုံတစ်ရာ၊ ဝေဖန် အကြံပြုမှု တစ်စုံတစ်ရာ ရှိပါက Comment ဖြင့် မှာခဲ့နိုင်ပါသည်။
အားလုံးကို ကျေးဇူးတင်ပါသည်။