မင်္ဂလာပါ ဇော်ဂျီအသုံးပြုသူများ
သင့်အနေဖြင့် ဝင်းဒိုးတွင် ယူနီကုဒ် အသုံးပြုချင်လျှင် အောက်ပါညွှန်ကြားချက်များကို လိုက်နာပါ.. သင်အဆင်ပြေသွားပါလိမ့်မည်..
Windows မှာ မြန်မာယူနီကုတ် ကို အသုံးပြုချင်သူများအတွက် နည်းလမ်းများနဲ့ အမှန်မထင် ကြုံတွေ့လေ့ရှိတဲ့ အခက်အခဲများကို အောက်မှာ လေ့လာကြည့်နိုင်ပါတယ်...
Windows မှာ မြန်မာယူနီကုဒ် ထည့်နည်းနှင့် ထည့်တဲ့အချိန်မှာ ဖြစ်တတ်သော အခက်အခဲများ။
အောက်ပါအတိုင်းလုပ်ဆောင်ပေးပါ။
၁။ ယူနီကုဒ်ဖောင့် တခုခုကို ဒေါင်းပြီး install လုပ်ပါ။
အောက်ဖော်ပြပါ ဖောင့်များသည် Unicode စံသတ်မှတ်ချက်အတိုင်း အပြည့်အဝ လိုက်နာသော ဖောင့်များဖြစ်သဖြင့် မိမိစက်အတွင်း ၄င်းဖောင့်များတစ်ခုခုရှိနေရုံမျှဖြင့် မည်သည့် Unicode စာသားများကိုမဆို ဖတ်ရှုနိုင်မည်ဖြစ်သည်...
(က) PyidaungSu Font
ဗမာ, သက္ကတ/ပါဠိ, မွန်, ရှမ်း, စကောကရင်, ပိုးကရင်(အနောက်ပိုင်း), ပိုးကရင် (အရှေ့ပိုင်း), ပအိုဝ်း, ကယား, အရှိုချင်း, ပလေးပလောင်, ရူမာည်းတအောင်း,ခန္တီးရှမ်း, Aiton & Phake, တိုင်းလျမ်ခေါ်ရှမ်းနီ, ရွှေပလောင်.)
ဒေါင်းလုဒ်လင့် --
http://goo.gl/hz9MvA
( ခ) Myanmar 3 Font (တိုင်းရင်းသားစာများ မပါ) ၊ ဒေါင်းလုဒ်လင့်
http://goo.gl/BAcFTw
( ဂ) သာလွန်ဖောင့် (Burmese, Mon, Shan, Karen, Pa'o, Asho Chin, Kayah and Karenni)
http://goo.gl/YszwuJ
(ဃ) အခြားယူနီကုဒ်ဖောင့်များ
http://goo.gl/Ntlf72
အထူးသဖြင့် Windows 8, 8.1 တို့တွင် Myanmar text Unicode font သည် အလိုလျှောက် ထည့်သွင်းပြီးသားဖြစ်ပါသည်....
xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
၂။ Unicode font ထည့်သွင်းပြီးသည်နှင့် စာရိုက်စနစ် ကီးဘုတ် တခုခုကို ထဲ့သွင်းရပါမည်။
(က) သင်ပုန်းကြီးအတိုင်းရိုက်ချင်ရင် KeyMagic က မြန်စံ လက်ကွက် ကို သုံးပါ။
Keymagic
http://goo.gl/0RwIm5
( ခ) Windows 8 , 8.1 တွင် Unicode စည်းမျဉ်းအတိုင်း ရိုင်နိုင်သည့် မြန်မာလက်ကွက် အလိုလျှောက်ထည့်သွင်းပြီးသားဖြစ်သည်.. ထို့ကြောင့် Control panel > Language ထဲသိုသွား၍ Add Languages ခလုတ်ကိုနှိပ်ပါ.. ထို့နောက် ရှာဖွေသည့် Search နေရာတွင် burmese ဟု ရိုက်၍ ရှာဖွေပါ.. မြန်မာစာ / Burmese ဆိုသည်ဖိုင်လေးပေါ်လာသည်ကိုတွေ့လျှင် ၄င်းအားရွေးချယ်၍ Add ကို နှိပ်လိုက်ပါက မြန်မာစာ Unicode စာရိုက်စနစ်ထည့်သွင်းပြီးသွားမည်ဖြစ်ပါသည်.. စာရိုက်လိုပါက Alt + Shift ဖြင့် ပြောင်းပြီးရိုက်နိုင်ပါသည်။
( ဂ) Windows XP , 7 တို့တွင် Window 8 မှာပါသည့် ကီးဘုတ် လက်ကွက်အတိုင်း အသုံးပြုချင်ရင်
ယူနီကုဒ် စာလုံးစီပုံအတိုင်းရိုက်နိုင်တဲ့ ကီးဘုတ်
http://goo.gl/4PhZSX
xxxxxxxxxxxxxxxxxxxxxxxx
၃။ browser မှာ ဖောင့် ပြောင်းပေးပါ။
Chrome အသုံးပြုသူများအတွက်
Menu button >> Settings >> Show Advanced Setting >> Web content ဆိုတဲ့ နေရာမှာ Customize Font ကိုနှိပ်ပြီး Sans-serif Font နေရာမှာ ယူနီကုဒ်ဖောင့် တခုခု ရွေးလိုက်ရင် ရပါပြီ။ Encoding ကို Unicode(UTF-8) ပြောင်းထားပါ။
Chrome မှာ Unicode ရော ဇော်ဂျီရော တစ်ပြိုင်တည်းဖတ်ချင်ရင် Chrome Extension ဖြစ်တဲ့ Parallel Universe ဆိုတာကို သုံးနိုင်ပါတယ်.. အောက်ကလင့်ကို နှိပ်ပါ ပြီးလျှင် Add to Chrome ကိုနှိပ်ပါ.. Add ပြီးသွားလျှင် Chrome browser ၏ ညာဘက်အပေါ် ထောင့်တွင် ကကြီးခခွေး အိုင်ကွန်လေးပေါ်နေပါလိ့မ်မယ် .. အဲဒါကိုနှိပ်ပြီး ဇော်ဂျီဖြစ်ဖြစ် unicode ဖြစ်ဖြစ် တစ်ပြိုင်တည်းကြည့်လို့ရပါမယ်
http://goo.gl/UvFTwi
Mozilla Firefox အသုံးပြုသူများအတွက်
Menu button > Options> Content Tab>
Default Font မှာ သွင်းထားတဲ့ မြန်မာ ယူနီကုဒ်ဖောင့် တခုခုကို ရွေးပြီး OK နှိပ်လိုက်ရင် ရပါပြီ။
Firefox မှာ Unicode ရော ဇော်ဂျီရော တစ်ပြိုင်တည်းဖတ်ချင်ရင် Firefox Addon တစ်ခုဖြစ်တဲ့ Parallel Universe ဆိုတာကို သုံးနိုင်ပါတယ်.. အောက်ကလင့်ကို နှိပ်ပါ ပြီးလျှင် Download Now ကိုနှိပ်ပြီး သွင်းလိုက်ပါ..
http://goo.gl/ZJidbT
Maxthon အသုံးပြုသူများအတွက်
Maxthon menu button (Alt +F) > Settings > Advanced ကိုသွားပြီး Webpage Display နေရာမှာ Web page font ကို Select ခလုတ်ကနေ Unicode ဖောင့်တစ်ခုခုရွေးပေးလိုက်ရင် ရပါပြီ။
IE အသုံးပြုသူများအတွက်
Control panel > Internet Options ကိုသွားပြီး Fonts ခုလုတ်ကိုနှိပ်၍ Unicode font တစ်ခုခုကို ရွေးပေးလိုက်ပြီး OK နှိပ်ပါ၊ ထို့နောက် Accessibility ခလုတ်ကို ထပ်နှိပ်၍ User Style sheet ဆိုတဲ့နေရာမှာ Format documents using my style sheet ဆိုတာကို အမှန်ခြစ်ဖြုတ်လိုက်ပါ OK နှိပ်လိုက်ပါ .. အစကတည်းက အမှန်ခြစ်မထားရင်လည်း ဒီတိုင်းပဲ Ok နှိပ်လိုက်ပါ..
****************
အဲဒါတွေ လုပ်ပြီးရင် ယူနီကုဒ်ကို မြင်နိုင်ပါပြီ။
*************************
ကြုံတွေ့နိုင်သော အခက်အခဲများ
ဖြေရှင်းနည်း
မူရင်း Arial ဖောင့်ကို ပြန်ထဲ့ပေးလိုက်ပါ။
http://goo.gl/edRoUH
Replace လုပ်မည်ပြောလာပါမည်။ OK နှိပ်လိုက်ပါ။
ယူနီကုဒ်စာများ မမြင်ရသေးပါက Restart ချပါ။ မြင်ရလျှင် ပြီးပါပြီ။
( ၂) Arial ပြန်ထဲ့ရုံဖြင့် အဆင်မပြေသေးပါက PC Viber နောက် version အတွက် mmsd-viber.ttf ကို ထည့်ထားတာဖြစ်နိုင်ပါသည်။ Control Panel > Fonts > ထဲမှာ KaYin2014 ဆိုတဲ့ ဖောင့်ကို ရှာပါ။ တွေ့လျှင်ဖျက်လိုက်ပါ။ အပေါ်ကအတိုင်း ယူနီကုဒ်စာများ မြင်ရလား စစ်ပါ။ မမြင်ရသေးလျှင် Restart ချကြည့်ပါ။ မြင်ရလျှင် ပြီးပါပြီ။
( ၃) အပေါ်က ၂နည်းအတိုင်းအဆင်မပြေသေးဘူးဆိုလျှင်
Window 8 တွင် ဆိုလျှင် Registry ကိုပြင်ကြည့်ပါမည်။
https://www.facebook.com/groups/mmUnicode/968916099785563/
ဒီအထဲက အတိုင်းလုပ်ကြည့်ပါ။
restart ချကြည့်ပါ။ အဆင်ပြေရပါမည်။ (မှတ်ချက် Window 8 နှင့် 8.1 အတွက်သာ)
( ၄) Chrome အတွက်ဆိုလျှင် တော့ ဒီအဆင်တွေ ပြီးရင် ရသင့်နေပါပြီ။
Mozilla Firefox မှာ ဖောင့် ပြောင်းပြီးလို့ မရသေးဘူး ဆိုလျှင်-
- Firefox ကို ဖွင့်ပါ။
- address bar မှာ about:config ဟုရိုက်ထဲ့ကာ Enter ခေါက်ပါ
- ပေါ်လာတဲ့အထဲမှာ address bar အောက်နားမှာ Search : ဆိုတာ ရှိပါသည်။
- အဲဒီအထဲမှာ font.name ဟု ရိုက်ထဲ့လိုက်ပါ။ စာလုံးအမဲဖြင့် Bold ဖြစ်နေသော တန်ဖိုးများက ပြင်ထားသော အရာများ ဖြစ်ပါသည်။ အဲဒီတွေအထဲမှာ Zawgyi ကို လိုက်ရှာပါ။ တွေ့လျှင် အဲဒီတန်ဖိုးအပေါ်မှာ double click ၂ချက်နှိပ်လိုက်ပါ။ ပြီးလျှင် ပေါ်လာတဲ့ text box ထဲက ZawgyiOne ဆိုတဲ့ တန်ဖိုးကို ဖျက်လိုက်ပါ။ တွေ့သမျှ အကုန်ဖျက်ပါ။ တန်ဖိုးတခုလုံးကို ဖျက်ခိုင်းတာ မဟုတ်ပါဘူး။ အထဲက တန်ဖိုးကိုပဲ ဖျက်လိုက်ပါ။
- အဓိက ကတန်ဖိုးက
font.name.serif.x-unicode အဲဒီတန်ဖိုးဖြစ်ပါသည်။ အဲဒါမှာ ZawgyiOne တွေ့ပါက ဖျက်ပြစ်လိုက်ပါ။ default က Times New Roman ပါ။ ပြင်ချင်ရင် ပြင်ထားခဲ့ပါ။ တကယ်လို့ www.google.com.mm မှာ မြန်မာစာတွေ လေးထောင့်တုံးတွေပဲပေါ်ရင် အဲဒီတန်ဖိုးထဲမှာ ယူနီကုဒ်ဖောင့်တခုခုရဲ့ နာမည်ကို ထည့်ခဲ့ပါ။ နာမည်တွေကို Fonts ထဲ့မှာ ရှာနိုင်ပါသည်။ ဥပမာ Myanmar3, Pyidaungsu, Tharlon ပါ။ Firefox fonts Setting ကို Options > Content tab ထဲမှာ နောက်တခါ setting ပေးပါ။ ယူနီကုဒ်ဖောင့် တခုခုကို ပြန်ပြောင်းပေးလိုက်ပါ။ ဒါမှ မရလျှင် မရတာ ထပ်တာ လာမေးတော့ ဗျာ။
Zawgyi နဲ့သာ ပေါက်တတ်ကရ လုပ်မထားခဲ့ဘူးဆိုလျှင် မြန်မာယူနီကုဒ်ဖောင့်ထည့်ထဲ့တာကော ဇော်ဂျီဖောင့်ကို ပြန်ပြောင်းတာကော အဲလောက် မခက်တော့ပါ။ ဖြစ်နိုင်လျှင်တော့ ကိုယ်လုပ်တာ ကိုယ်မှတ်ထားတာ အကောင်းဆုံးပါပဲဗျာ။
ယခုပို့စ်အား အသေးစိတ်ရေးသားပေးသော ကိုဆန်းလင်းနိုင်အား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း