This is the body of your page.




Initial Studio မှ ဓမ္မဒါနအဖြစ် ရေးသားဖန်တီးထားသော MMTipitaka (ပိဋကတ်သုံးပုံမြန်မာပြန်) iOS App ကို App Store ပေါ်မှာ Free Download ရယူနိုင်ပါပြီ။

ပိဋကတ်သုံးပုံ ဆိုသည်မှာ ဗုဒ္ဓမြတ်စွာဘုရား သက်ရှိထင်ရှားရှိစဉ် လေးဆယ့်ငါးဝါ ကာလအတွင်း ဟောကြားခဲ့သော တရားတော် (ဗုဒ္ဓ၀စန) များကို ဗုဒ္ဓပရိနိဗ္ဗာန် စံတော်မူပြီးနောက် ရေးသား မှတ်တမ်းတင်ထားသော စာပေများကို ခေါ်ဆိုပေသည်။တနည်းအားဖြင့် ၀ိနယ ပိဋကတ်၊ အဘိဓမ္မာ ပိဋကတ် နှင့် သုတ္တန္တ ပိဋကတ် ဟူ၍ သုံးမျိုးခွဲခြားထားသည်။

ဝိနည်းပိဋကတ် = ၀ိနည်း (၅)ကျမ်း
အဘိဓမ္မာပိဋကတ်= အဘိဓမ္မာ(၇)ကျမ်း
သုတ္တန္တပိဋကတ်= ထိုမှ ကြွင်းသော ဗုဒ္ဓစကားတော်များကို သုတ္တန္တ ပိဋကတ် ၌ ထည့်သွင်းသည်။ (၃၇)ကျမ်းစုစုပေါင်း (၄၉)ကျမ်း ဖြစ်သည်။
ပိဋကတ်သုံးပုံသည် ဓမ္မခန္ဓာ အရေအတွက်အားဖြင့် သုတ္တန်ပိဋကတွင် (၂၁၀၀၀) ၀ိနည်းပိဋကတ်တွင် (၂၁၀၀၀) အဘိဓမ္မာပိဋကတ်တွင် (၄၂၀၀၀) စုစုပေါင်း ဓမ္မခန္ဓာပေါင်း (၈၄၀၀၀)ရှိသည်။
ထို(ဗုဒ္ဓ၀စန) တရားတော်များတွင် ရဟန်းယောင်္ကျား၊ ရဟန်းမိန်းမတို့ လိုက်နာရန် ၀ိနည်းသိက္ခာပုဒ်များ ပါဝင်သည့် ဟောကြားဆုံးမချက်များကို `၀ိနယ´ဟု ခေါ်၍ ကျန်ရှိသော ဗုဒ္ဓ၀စန များကို `ဓမ္မ´ဟု ခေါ်ဆိုသည်။
ဝိနယမှ ကြွင်းသော ဗုဒ္ဓ၀စနအားလုံးကို ဓမ္မ ဟု ခေါ်ဆိုရသဖြင့် ယင်း ဓမ္မတွင် `အဘိဓမ္မာ´ တရားတော်များလည်း အကြုံးဝင်လျက် ရှိသည်။
ဤ ပိဋကတ်သုံးပုံ မြန်မာပြန် iOS App ကိုဖန်တီးရခြင်းအကြောင်းမှာ မြန်မာဗုဒ္ဓဘာသာဝင်တို့အနေနှင့် ဗုဒ္ဓမြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့ ပိဋကတ်သုံးပုံတရားတော်တွေကို မိမိတို့ရဲ့ iPhone/iPad ထဲမှာပဲ လွယ်လွယ်ကူကူ ထည့်သွင်းထားနိုင်ပြီး မြန်မာပြန်ကို အလွယ်တကူဖတ်ရှူလေ့လာနိုင်ဖို့အတွက်ဖြစ်ပါတယ်။

ပိဋကတ်သုံးပုံကို သင်ကြားလေ့လာနေကြသော ရဟန်းရှင်လူအပေါင်းတို့ကိုရည်ရွယ်ပြီး မြန်မာလိုအဆင်ပြေစွာဖတ်ရှူနိုင်ဖို့အတွက် စကားပြေအရေးသားဖြင့် မြန်မာပြန်ထားသည့်အတွက်ကြောင့် လေ့လာရလွယ်ကူစေမှာဖြစ်ပါတယ်။

ပိဋကတ်သုံးပုံအတွက် မြန်မာပြန် Data တွေကိုတော့ Dhammadownload မှရယူထားပါတယ်။
အသုံးပြုပုံမှာ စာရွက်လှန်သကဲ့သို့ လှန်ပြီး Page များကိုရွေးချယ်ဖတ်ရှူနိုင်ပါတယ်။\n\nပိဋကတ်တော်များကို ဖတ်ရှူရာတွင် အသုံးပြုနိုင်သည့် လုပ်ဆောင်ချက်များမှာ

Start Auto Scroll : အလိုလျောက် Scroll ပြုလုပ်နိုင်ခြင်း။
Stop Auto Scroll : Auto Scroll ကိုရပ်တန့်နိုင်ခြင်း။

Scroll To Top : အပေါ်ဆုံးသို့ Scroll ပြုလုပ်နိုင်ခြင်း။
Scroll To Bottom : အောက်ဆုံးသို့ Scroll ပြုလုပ်နိုင်ခြင်း။

Go To Range No : Scroll ပြုလုပ်လိုသော နေရာကို Range No ဖြင့်ပြုလုပ်နိုင်ခြင်း။
Save Range No : မိမိလက်ရှိဖတ်နေသော Range ကိုမှတ်သားထားနိုင်ခြင်း။

Load Range No : မှတ်သားထားသော Range No ကိုဖွင့်နိုင်ခြင်း။
Night Mode Status : ညအခါတွင်ဖတ်ရှူနိုင်ရင် အလင်းရောင်လျော့ချပြောင်းလဲနိုင်ခြင်း။
စသည့်လုပ်ဆောင်ချက်များကိုအသုံးပြုနိုင်ပါသည်။

ဆော့ဝဲလ်အားရယူရန်
App Information
Name    :    MMTipitaka
Platform : iOS Only
Price   :    Free
Minimum iOS Version : 7.0
Developer   :   Zaw Min Soe (Initial)
Company    :   Initial Studio (2014)
License        :   © Initial Studio (2014)
     
  www.patheinit.com
Payephyo(ပုသိမ်အိုင်တီ)
ဒေါင်းနည်းများမသိပါက ဒီမှာ သွားကြည့်ပေးပါခင်ဗျာ
 
Top