This is the body of your page.


မြန်မာနိုင်ငံရှိအောင်မြင်သောလူအများကြားတွင် တစ်နေ့တစ်ခြားရေပန်းစားလျက်ရှိေ
သာ ဤစီးပွားရေးသည်ယခုအခါ လူများစွာတို့အား ချမ်းသာသုခကိုပေးလျက်ရှိသည်။သူတို့၏၀င်ငွေသည် နှစ်ဆ သုံးဆ တစ်ခါတစ်ရံတွင်လေးဆမျှရလျက်ရှိကြသည်။
ဤမျှကြီးကျယ်သည့် စီးပွားရေးလုပ်ငန်းနှင့် ယင်း၏သဘောတရားသည်များစွာသော လူထုပရိသတ်ကြားတွင်လူသိများမူမရှိဘဲ ကြာမြင့်စွာ ဖုံးကွယ်လျက်ရှိပါသည်။ဖုံးကွယ်ရုံမက စီးပွားရေးလောကကြားတွင် ကောင်းစွာအသိအမှတ်ပြုခြင်းပင်မခံရဟုဆိုနိုင်ပါသည်။
MLM ခေါ်ဆင့်ပွားနည်းဈေးကွက် ထိုးဖောက်ဖြန့်ချိခြင်း သို့မဟုတ် ကွန်ရက်ဖြင့်ဈေးကွက်ဖြန့်ချီခြင်း ဆိုသည်မှာဘာလဲ ယင်းအဖြေကို နောက်လာမည့် Post များတွင်ဖော်ပြပါမည်။ သို့ရာတွင် MLM၏အခြေခံသဘောတရားမှာ အရောင်းအင်အားမှန်သမျှသည် အရောင်းသမားများကိုယ်တိုင်ဆောင်ရွက်ကြခြင်းဖြစ်သည်ဟူသော အချက်ကို ထပ်လောင်းတင်ပြလိုပါသည်။
မည်သူမဆိုအကောင်းဆုံးသောလုံ့လ၀ီရိယစိုက်ထုတ်သူမှန်သမျှအကောင်းဆုံးသောဆုလာဘ်ရရှိစေသည့်နည်းလမ်းဖြစ်ပါသည်။
MLMသည် ယူကေတွင် ဆယ်စုနှစ်သုံးခုကျော်မျှကျင့်သုံးခဲ့ပြီး ယခုအချိန်တွင်မူ ခိုင်မာသည့် စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်လျက်ရှိပေပြီ အမေရိကန်နိုင်ငံတွင်မူ ဆယ်စုနှစ်ပေါင်းများစွာ ကျော်လွန်ခဲ့ပြီး မည်သည့်ပစ္စည်း မည်သည့်ဝန်ဆောင်မူ လုပ်ငန်းကိုမဆို MLM သည် လူမျိုးစုံပါဝင်သော လူသန်းပေါင်းများစွာ၏ ငွေသန်းပေါင်းများစွာ အကျုံးဝင်နေသည့် လုပ်ငန်းကြီးဖြစ်နေလေပြီ။
MLMသည်တရားဝင်သည့်စီးပွားေ၇းလုပ်ငန်းဖြစ်သည်။ လူ့ကျင့်ဝတ်နှင့်လည်းညီညွတ်သည်။လူတစ်ယောက်ဝင်ငွေနည်းနည်းပိုရချင်သလား များများရချင်သလားပေါ်မူတည်၍လိုသလောက်တိုးချဲ့ဆောင်ရွက်နိုင်သည့်အောင်မြင်သောစီးပွားကုန်သွယ်မူလုပ်ငန်းလည်းဖြစ်ပေသည်။
သို့ရာတွင် ၁၉၇၀ပြည့်နှစ်များအတွင်း တြိဂံပုံစံအရောင်းစနစ်(Pyramid Selling) ဟူ၍MLMအတုအယောင်စနစ်တစ်ခု ပေါ်ပေါက်ခဲ့ရာ ယင်းလုပ်ရပ်ကြောင့် လူများစုကြီးအတွင်း သံသယစိတ်များနှင့် ရှူပ်ထွေးမူများကိုဖြစ်ပွားစေခဲ့ပါသည်။
ဤစီးပွားရေးသည် MLM ကျယ်ဝန်းများပြားလှသော လူတန်းစားအားလုံးအတွက် အကောင်းဆုံးသော စီးပွားရေးအခွင့်အလမ်းကိုပေးသည့် ကုန်သွယ်မူနည်းစနစ်တစ်ခုဖြစ်သည်ဟူသောလေးစားအပ်သည့် လူထု၏ အမြစ်တစ်ရပ်ကိုလည်းရရှိနိုင်လိမ့်မည်ဟုယူဆပါသည်။ အခြားသော Multi Level Marketing နှင်ပတ်သက်လို့ https://www.facebook.com/happylifeproject2014 တွင် Update သတင်းများနှင့် စီးပွားရေး ကျန်းမာရေးအကြောင်းအရာများကို လေ့လာဖတ်ရှုနိုင်ပါတယ်။
     
  www.patheinit.com
Payephyo(ပုသိမ်အိုင်တီ)
ဒေါင်းနည်းများမသိပါက ဒီမှာ သွားကြည့်ပေးပါခင်ဗျာ
 
Top