This is the body of your page.

 
 
နာမည်ကြီး ကားကုမ္ပဏီဖြစ်တဲ့ Ford က ၂၀၁၇ မှာ သူတို့ထုတ်မယ့် ကား Model အကုန်လုံးမှာ သင့်ရဲ့ ဖုန်းနဲ့ ချိတ်ဆက်အသုံးပြုဖို့ Android Auto သို့မဟုတ် Apple CarPlay ကို သုံးနိုင်ကြောင်း အတည်ပြုထားပါတယ်။ Ford’s SYNC 3 ဆိုတဲ့ entertainment system ကို Ford 2017 model ကားအားလုံးမှာ ထည့်သွင်းပေးသွားမှာ ဖြစ်ပါတယ်။ သင့်ရဲ့ ဖုန်း (Apple/Android) နဲ့ ချိတ်လို့ရပါ့မလားဆိုပြီး စိတ်ပူစရာမလိုပါဘူး။ Ford’s SYNC 3 ဟာ မည်သည့် ကန့်သတ်ချက်မှ မရှိဘဲ သင့်ဖုန်းမှာရှိတဲ့ Android Auto သို့မဟုတ် Apple CarPlay တို့နဲ့ ချိတ်ဆက်ပေးမှာဖြစ်ပါတယ်။




အခြား ကားထုတ်လုပ်တဲ့ ကုမ္ပဏီတွေကတော့ သူတို့ထုတ်တဲ့ ကားတွေရဲ့ သတ်မှတ်ထားတဲ့ model သို့မဟုတ် ထပ်ဆောင်း အပိုပေးပြီးမှသာ Android Auto နဲ့ Apple CarPlay ကို သုံးလို့ရမှာပါ။ Ford ကတေ့ အဲ့သလိုမဟုတ်ပါဘူး 2017 မှာ သူတို့ ထုတ်မယ့် SUV, Light Truck ကနေ လျှပ်စစ်ကား တွေအထိ ထုတ်သမျှကားအားလုံးမှာ SYNC 3 ကို တပ်ဆင်ထားပေးမှာပါ။



Ford က SYNC 3 ကို ရွေးချယ်ရခြင်းအကြောင်းကတော့ ကားတိုင်းမှာ မြန်မြန်ဆန်ဆန်အသုံးပြုနိုင်တဲ့ Wifi Over-the-Air တီထွင်မှု အသစ်ကို အသုံးပြုထားပါတယ်။ Ford ကတော့ ကား Model တစ်ခုပြီးမှ ၁ခု ကန့်သတ်ပြီး တပ်နေမယ့်အစား Standard အနေနဲ့ ကားတိုင်းမှာ တပ်ဆင်ဖို့ စီစဉ်ထားပါတယ်။
အခု ထုတ်လုပ်ပြီးသား 2016 Model တွေဖြစ်တဲ့ Mustang, Escape, Explorer နဲ့ Fusion တို့ကို SYNC 3 ထည့်သွင်းပြီးဖြစ်ကြောင်း၊ အခြား Model တွေဖြစ်တဲ့ F-150, Focus နဲ့ Edge တို့ကို ယခုနှစ်ကုန်လောက်မှာ ထည့်သွင်းရောင်းချပါမယ်။



သင်ရော သင့်ဖုန်းနဲ့ သင့်ကားကို ချိတ်ဆက်ဖူးပါသလား? ဒါဆို ကားနဲ့ဖုန်းနဲ့ ချိတ်ဆက်မှုကို ကားတိုင်းမှာ ပါမယ့် Standard Feature အနေနဲ့ ထည့်သင့်ပါလား?
 


 
Top