This is the body of your page.


Apple CEO Tim Cook ဟာ နောက်လထဲမှာ Hillary Clinton အတွက် ရန်ပုံငွေပွဲ တစ်ခု ကျင်းပရန် စီစဉ်နေပါတယ်။Hillary Clinton ဟာ Democratic  ပါတီရဲ့ ပထမဦးဆုံး အမျိုးသမီး သမ္မတလောင်းအဖြစ် အဆိုပြုခံထားရသူ လည်းဖြစ်ပါတယ်။

Tim Cook နှင့် အတူ Apple ၏ ပတ်ဝန်းကျင်၊ မူဝါဒနှင့် လူမှုရေးဆိုရာ ဒုဥက္ကဋ္ဌ ဖြစ်သူ Lisa Jackson တို့ဟာ Hillary Clinton ၏ ရွေးကောက်ပွဲအောင်နိုင်ရေး အတွက် ရန်ပုံငွေမြှင့်တင်ဖို့ ကူညီပေးမှာဖြစ်ပါတယ်။ အဆိုပါရန်ပုံငွေပွဲကို August 24 ရက်နေ့မှာ ပြုလုပ်မှာဖြစ်ပါတယ်။

ထိုရန်ပုံငွေပွဲကို Apple Inc အနေနဲ့ ပြုလုပ်ခြင်းမဟုတ်ဘဲ သာမာန် နိုင်ငံသား တစ်ဦးအနေနဲ့ Tim Cook က ထောက်ပံ့ခြင်းဖြစ်ပါတယ်။ (ထိုကဲ့သို့ ထောက်ပံ့ခြင်းတွင် $50,000, $10,000 နှင့် $2,500 ဟူ၍ ၃မျိုးရှိသည်)

Republican ပါတီရဲ့ ဟောပြောသူ House Paul Ryan အတွက် ရန်ပုံငွေပွဲကို ပြီးခဲ့တဲ့လက Tim Cook က ပြုလုပ်ပေးခဲ့ပါသေးတယ်။
 
Top