
ဒီဘက်ခေတ်ကို ရောက်လာတဲ့အခါမှာတော့ ဒီလိုမျိုးလောင်းကစားနည်းတွေကို
အိမ်ပြင်ထွက်ဆော့စရာမလိုတော့ပါဘူး။ အိမ်ထဲမှာပဲ
ကွန်ပျူတာကနေ လောင်းနိုင်နေပြီလေ။ ဒါကတော့
အွန်လိုင်းကနေလောင်းကစားလုပ်တာပါပဲ။ Online Gambling ပေါ့။ ဒီလိုမျိုး
online ဆော့တဲ့အခါ ဒါဟာလုံခြုံစိတ်ချရမှုရှိရဲ့လား။ ကိုယ့်ရဲ့ Bank Account
ကိုရော ကာကွယ်မှုပေးနိုင်ရဲ့လား။ နိုင်ပါပြီတဲ့။ မလျော်ဘူးဆိုရင်ကော။ ဒိုင်က
ဘယ်ဆီနေမှန်းတောင်သိတာမဟုတ်ဘူး။
ကိုယ်က online ကနေဆော့နေတာလေ။ လိမ်လည် (cheat) လုပ်တဲ့
လောင်းကစားဝက်ဘ်ဆိုဒ်တွေ မရှိနိုင်ဘူးလား။ အဖြေကတော့ ရှိပါတယ်။ ဒါဆို
သူတို့ဘယ်လိုလိမ်ကြလဲ။
ဒီအကြောင်းအရာတွေကို Runner Runner ဆိုတဲ့ ဇာတ်ကားထဲမှာ ကြည့်ကြည့်ရမှာပါ။ ကျောင်းလခသွင်းစရာမရှိတော့လို့ online ကနေ ဖဲရိုက်ရင်း ကျောင်းလခပြန်ရှာပါတယ်။
ကျောင်းလခမရတဲ့အပြင် ရှိသမျှအလိမ်ခံလိုက်ရပါတယ်။
ဒီအခါ အဲဒီပိုက်ဆံတွေ ပြန်ရဖို့ လိုက်ရင်း လောင်းကစားလောကထဲ ရောက်သွားရှာတဲ့ ကျောင်းသားလေးတစ်ယောက်အကြောင်း ရိုက်ထားတာဖြစ်ပါတယ်။ In Time, Friends With Benefits စတဲ့ဇာတ်ကားတွေနဲ့ လူသိများတဲ့ အဆိုတော်၊ ရုပ်ရှင်သရုပ်ဆောင် Justin Timberlake က အဓိကမင်းသားနေရာကနေ သရုပ်ဆောင်ထားပါတယ်။ ကဲ...ကြည့်လိုက်ကြပါဦးနော်။
ရုပ်ရှင်အစဆုံးကြည့်ရန် Movie Locos ကိုနှိပ်ပါ။