Jun 29, 2014
၂၀၁၂ ခုနှစ် နှစ်ဆန်းကတည်းက ကြေညာခဲ့တာ ဖြစ်ပါတယ်။ အဲ့တုန်း ကတော့
ဒီဇိုင်းအနေနဲ့သာ ဖော်ပြခဲ့ခြင်း ဖြစ်ပြီး စမ်းသပ်ထုတ်လုပ်မှုကို ၂၀၁၃ ကနေ
စတော့မှာ ဖြစ်ပါတယ်။
အသုံးပြုမယ့်
လောင်စာက ဟိုက်ဒရိုဂျင်လောင်စာ ဖြစ်ပါတယ်။ အိတ်ဇော လုံးဝ မထွက်မယ့်
ကားဆိုတော့ ဓာတ်ဆီတို့ ဒီဇယ်ဆီုတို့ လုံးဝ မသုံး တာ သေချာနေပါတယ်။ ရေကို
သုံးပြီးမောင်းမယ်လို့လည်း ဆိုပါတယ်။ နည်းလမ်းက ဒီလို ဖြစ်ပါတယ်။
လျှပ်စစ်ဓာတ်အားကို
ရေထဲ ဖြတ်စေပြီး ဟိုက်ဒရိုဂျင်နဲ့ အောက်ဆီဂျင်ကို သက်သက်ခွဲထုတ်မှာ
ဖြစ်ပါတယ်။ ပြီးတော့ ရလာတဲ့ ဟိုက်ဒရိုဂျင်နဲ့ အင်ဂျင်ကို မောင်းပြီး ယင်းက
တစ်ဆင့် လေ တာဘိုင်ကို ပို့မှာ ဖြစ်ပါတယ်။ ဘီးမပါပါဘူး။ လေတာဘိုင်နဲ့
ကုန်းရော၊ ရေရော မောင်းမယ့်ကား ဖြစ် ပါတယ်။ Hovercraft လို့ခေါ်ပါ တယ်။
ဒီတော့
ကား အဓိက သုံးမယ့် စွမ်းအင်က နေရောင်ခြည်နဲ့ ရေဖြစ်ပါတယ်။ ဒါကြောင့်
ဘယ်နေရာဒေသမှာ မဆို အသုံးပြုလို့ရမှာ ဖြစ်ပါတယ်။ ရေ မရှိတဲ့ ဒေသဆိုရင်လည်း
နေရောင်ခြည် စွမ်းအင်ချည်း သက်သက် နဲ့ မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။
လေတာဘိုင်
လေးလုံး တပ်ဆင်ပေးထားပြီး ရေထဲမှာလည်း မြန်သလို ကုန်းပေါ်မှာလည်း တစ်နာရီ
မိုင် ၇၀ လောက် မောင်းနှင်နိုင်မှာ ဖြစ်ပါတယ်။ volkswagen aqua ကို
တရုတ်ဒီဇိုင်နာတစ်ဦးက ရေးဆွဲပေးထားမှု ဖြစ်ပြီး ဂျာမနီ Volkswagen မှ
စမ်းသပ်ထုတ်လုပ်တော့မှာ ဖြစ်ကြောင်း သိရပါ တယ်။
----
Ref: vw-facts
ရိုးရာလေး သတင်း
www.patheinit.com
Payephyo(ပုသိမ်အိုင်တီ)
ဒေါင်းနည်းများမသိပါက ဒီမှာ သွားကြည့်ပေးပါခင်ဗျာ