This is the body of your page.
Latest News

Ooredoo မြန်မာသည် SMS (ခေါ်) စာတိုပို့ခနှုန်းထားကို ၁၅ ကျပ်သို့ လျှော့ချလိုက်ပြီဖြစ်ကြောင်း ယနေ့ ကြေညာလိုက်သည်။ ဤချိုသာသော ဈေးနှုန်းသည် မည်သည့်ကွန်ရက်ကိုမဆို ပို့သော SMS (ခေါ်) စာတိုများ အတွက် အကျုံးဝင်သည်။



“ကျွန်မတို့ရဲ့ သုံးစွဲသူ မိဘပြည်သူများဟာ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေဆီကို SMS (ခေါ်) စာတိုတွေပို့ပြီး ဆက်သွယ်ရတာကို အင်မတန် ကြိုက်နှစ်သက်ကြပါတယ်။ ဒီလို ဈေးနှုန်းပြင်ဆင် သတ်မှတ်လိုက်တဲ့ အတွက် အားလုံး အဖိုးနှုန်းထား သက်သက်သာသာနဲ့ အသုံးပြုနိုင်မှာမို့ ကျေနပ်ကြလိမ့်မယ် ထင်ပါတယ်” ဟု Ooredoo မြန်မာ၏ လူမှုဆက်ဆံရေးနှင့် ပြန်ကြားရေး မန်နေဂျာ ဒေါ်သီရိကြာညို က ပြောကြားလိုက်သည်။



တစ်ချိန်တည်းမှာပင် ထူးခြားစွာ တီထွင် ကြံဆထားသော ဝန်ဆောင်မှုအသစ် ဖြစ်သည့် Voice SMS (ခေါ်) အသံဖိုင်ကို SMS စာတိုပို့ခြင်း ဝန်ဆောင်မှုကိုလည်း စတင်မိတ်ဆက်လိုက်ပြီဖြစ်သည်။ ခေါ်ဆိုမည့် နံပါတ်ရှေ့တွင် * သင်္ကေတ ဖြည့်စွက် ခေါ်ဆိုခြင်းဖြင့် မိမိတို့ပြောချင်သော အကြောင်းအရာကို ပြောပြီး SMS အနေဖြင့် ပို့နိုင်သော ဝန်ဆောင်မှုဖြစ်သည်။



“ကျွန်မတို့ရဲ့ သုံးစွဲသူ မိဘပြည်သူတွေကို ကောင်းသထက်ကောင်းတဲ့ အတွေ့အကြုံတွေရနိုင်ဖို့ ကျွန်မတို့ အမြဲ နည်းလမ်းတွေ ရှာနေပါတယ်။ အသံဖိုင်ပို့ပြီး ဆက်သွယ်နိုင်တာဟာ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေနဲ့ အဆက်အသွယ် မပြတ်နေဖို့ အင်မတန်ကောင်းတဲ့ နည်းလမ်းဖြစ်ပါတယ်။ အသံဖိုင်ကို SMS အနေနဲ့ပို့တဲ့ ဝန်ဆောင်မှုအသစ်ကို Ooredoo ဖုန်း သုံးစွဲသူ မိဘပြည်သူအချင်းချင်း အသုံးပြုလို့ ရမှာဖြစ်ပြီး တစ်ခါပို့ လျှင် စက္ကန့်၂၀ ကြာ အသံဖိုင်ကို ၂၀ ကျပ်နှုန်းထား ကျမှာဖြစ်ပါတယ်” ဟု ဒေါ်သီရိကြာညိုက ဆက်လက် ရှင်းလင်းပြောကြားလိုက်သည်။



SMS ဝန်ဆောင်မှုကို ပိုမိုထူးခြားစေသော ကမ်းလှမ်းချက်များအပြင် Ooredoo မြန်မာသည် လူကြိုက်များလျက်ရှိသော ၎င်း၏ “ကျသင့်သလောက်ပဲပေး” မြန်နှုန်းမြင့် အင်တာနက်အစီအစဉ်၏ ဈေးနှုန်းကိုလည်း 1MB လျှင် ၁၀ ကျပ်နှုန်းဖြင့်ပင် ဆက်လက် ကောက်ခံလျှက်ရှိသည်။


 http://www.internetjournal.com     
  www.patheinit.com
Payephyo(ပုသိမ်အိုင်တီ)
ဒေါင်းနည်းများမသိပါက ဒီမှာ သွားကြည့်ပေးပါခင်ဗျာ
 
Top