This is the body of your page.




Android ဖုန်း/Tablet တွေအတွက် ဖိုင်တစ်ခုတည်းပဲ download လုပ်ပြီး install လုပ်စရာလိုတဲ့ Asphalt 8: Airborne v1.0 for Android ကိုတင်ပေးလိုက်ပါတယ်။ apk ဖိုင်ကို download လုပ်ရ ပြီးမှ data ထပ် download လုပ်ရတဲ့ ဒုက္ခတွေကင်းဝေးစေမှာပါ။ ဒီဂိမ်းမှာတော့ Luxury ပြိုင်ကားစာရင်းဝင်တွေဖြစ်တဲ့ Lamborghini Veneno, Bugatti Veyron, Ferrari FXX စတဲ့ ကားတွေနဲ့ Airborne လို့ခေါ်တဲ့ feature သစ်တစ်ခုကိုထည့်သွင်းပေးထားပါတယ်။ ယခင် Asphalt ပြိုင်ကားဂိမ်းတွေနဲ့မတူတဲ့ ကားပြိုင်ကွင်းနေရာ ကိုးခုကိုလည်းထပ်မံထည့်သွင်းပေးထားပါသေးတယ်။ ပြိုင်ကားချစ်သူတွေအတွက် ဆော့ကစားသင့်တဲ့
 ပြိုင်ကားဂိမ်းကောင်းတစ်ခုပါ။ Asphalt 8: Airborne (GPK – Apk + Data) ကိုအောက်က link မှာရယူနိင်ပါတယ်။
Asphalt 8: Airborne v1.0 for Android (GPK ဖိုင်) အားရယူရန်
အပေါ်က link မှာပေးထားတဲ့ gpk ဖိုင်ကို download လုပ်ပြီး ဖုန်းရဲ့ sd card ထဲကိုထည့်ထားပါ။ ပြီးရင် အောက် link မှာပေးထားတဲ့ gpk installer ဆော့ဝဲလေးကိုဖုန်းထဲမှာသွင်းလိုက်ပါ။ ပြီးလျှင် ယင်း gpk installer ဆော့ဝဲထဲကိုဝင်ပြီး တရုတ်စာသားတွေနဲ့ရေးထားတဲ့ လိမ္ပော်ရောင်ခလုတ်လေးကို နှိပ်၍ sd card ကို scan ဖတ်လိုက်လျှင် ခုနက ဖုန်းရဲ့ sd card ထဲမှာထည့်ထားတဲ့ Asphalt 8 GPK file ပေါ်လာပါမည်။ ပေါ်လာတဲ့ GPK file ဘေးက install ခလုတ်လေးကိုနှိပ်၍ ဂိမ်းကို ဖုန်းမှာသွင်းလိုက်ပါ။ 100 % ပြည့်ပြီးသွားလျှင် ဂိမ်းကိုစတင်ဆော့နိုင်ပါပြီ။ GPK Installer for android ကိုအောက်က link မှာရယူပါ။
GPK Installer အားရယူရန်



 
Top