This is the body of your page.




Sony Xperia Z Ultra ကို Root လုပ်ချင်သူများအတွက် Sony Xperia Z Ultra ကို root လုပ်နည်းကိုရေးသားပေးလိုက်ပါတယ်။
အရင်ဆုံး လိုအပ်တဲ့ Root Tool ဖြစ်တဲ့ 360 Root tool ကိုအောက်က link မှာရယူပါ။





360 Root Tool အားရယူရန်
-Root tool ကို Download ရယူပြီးပြီဆိုရင်တော့ ကွန်ပျူတာမှာ install လုပ်လိုက်ပါ။
-ပြီးလျှင် ဖုန်းရဲ့ Setting > Developer Options > ထဲကိုဝင်ပြီး USB Debugging ကို Enabled လုပ်ထားပါ။ (Developer Options ဆိုတာဖုန်းမှာပျောက်နေလျှင် ဖုန်းရဲ့ setting > About Phone ထဲကိုဝင်ပြီး Build number ဆိုတဲ့စာသားကို ငါးချက်ခန့်ဆက်တိုက်နှိပ်ပါ။ ဖုန်းရဲ့ setting ထဲတွင် Developer Options ပေါ်လာပါမည်)
- ပြီးလျှင် ခုနက ကွန်ပျူတာမှာ install လုပ်ထားတဲ့ 360 Root Tools ကိုဖွင့်လိုက်ပါ။ ဖုန်းနဲ့ကွန်ပျူတာနဲ့မချိတ်ရသေးရင် 360 Root Tool မှာအောက်ပါအတိုင်းပေါ်ပါလိမ့်မယ်။


-ဖုန်းကို ကွန်ပျူတာဖြင့် USB ကြိုးအသုံးပြု၍ချိတ်ဆက်ထားပါ။ 360 Root Tools က ဖုန်းကို detect သိပြီး Root လုပ်ရမယ့်စာမျက်နှာပေါ်လာပါမယ်။ အောက်ပုံအတိုင်းပါ။


အနီဝိုင်းပြထားတဲ့ ခလုတ်ကိုနှိပ်၍ Root လုပ်ပါ။ စက္ကန့်အနည်းငယ်အတွင်းမှာ ဖုန်းက Reboot ကျသွားပါမယ်။
ဖုန်းကပုံမှန်အတိုင်း Boot ပြန်တက်လာပြီဆိုရင်တော့ Sony Xperia Z Ultra ကို Root လုပ်တာအောင်မြင်ပြီဖြစ်ပါတယ်။
(Root ဖြစ်မဖြစ်ကို Root Checker application တစ်ခုခုအသုံးပြု၍စမ်းသပ်ကြည့်နိုင်ပါတယ်။)
 
Top