This is the body of your page.






Sony Xperia ZR ဖုန်းပိုင်ရှင်တွေအတွက် Sony Xperia ZR (Android version 4.2.2) ကို Root

လုပ်နည်းကို ရေးသားတင်ဆက်လိုက်ပါတယ်။
အရင်ဆုံး ဖုန်းရဲ့ setting> Development > ထဲက USB Debugging ကိုအမှန်ခြစ်ပေးထားပါ။
ပြီးလျှင် Root လုပ်ရန် လိုအပ်တဲ့ ဆော့ဝဲတွေကိုရယူပါ။
1. Sony Companion Mobile Driver အားရယူရန်
2.Sony Xperia ZR Root Tool အားရယူရန်
Sony Mobile Driver သွင်းထားပြီးသားသူတွေကတော့ နံပါတ် (၁) download link ကို download လုပ်စရာမလိုတော့ပါဘူး။ မသွင်းရသေးသူတွေကတော့ download လုပ်ပြီး install လုပ်ထားပါ။
ပြီးလျှင် ဖုန်းနဲ့ကွန်ပျူတာနဲ့ကို USB ကြိုးအသုံးပြု၍ချိတ်ဆက်ထားပါ။
နံပါတ် (၂) download link ကနေ Download လုပ်ထားတဲ့ Root Tool ဇစ်ဖိုင်လေးကိုဖြည်လိုက်ရင် ဖိုင်လေးခုတွေ့ပါလိမ့်မယ်။ အဲဒီထဲက runme.bat ကို run လိုက်ပါ။ အောက်ပါအတိုင်းပေါ်လာပါမယ်။


တခြား ဘာ key မှနှိပ်စရာမလိုပါဘူး ။ keyboard ပေါ်က enter key ကိုသာနှိပ်လိုက်ပါ။ DooMLorD Root tool program က ဖုန်းကိုစတင် Root လုပ်ပါလိမ့်မယ်။ ခဏအကြာမှာတော့ ဖုန်းက auto reboot ကျသွားပါမယ်။ ဖုန်းကပုံမှန်အတိုင်းပြန်တက်လာပြီဆိုရင်တော့ စိန်တုံးဇောက်ထိုးပုံစံ # သင်္ကေတလေးနဲ့ SuperUser application လေးရှိနေပြီဆိုရင်တော့ ဖုန်းက အောင်မြင်စွာ root လုပ်ပြီးပြီဖြစ်ပါတယ်။
အားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

 
Top