This is the body of your page.



iphone-5s-touch-id-img_0798-100053552-galleryApple က အသစ်မိတ်ဆက်လိုက်တဲ့ iPhone 5S ရဲ့ Touch ID ကို မနေ့တနေ့ကပဲ Chaos Computer Club က လက်ဗွေ အတု တစ်ခုနဲ့ လှည့်စား ဖောက်ထွင်းနိုင်ခဲ့ပါတယ်၊ အဆိုပါ သတင်းဟာ Apple Blog များမှာသာမကပဲ Apple ရဲ့ ပြိုင်ဘက် Android ဖုန်းကိုင်ဆောင်သူတွေရဲ့ ပါးစပ်ဖျားမှာပါ ကဲ့ရဲ့ အပြစ်တင်စရာ


တစ်ခုလို ဖြစ်လာခဲ့ပါတယ်၊ Chaos Computer Club ရဲ့ Web Site မှာလဲ Touch ID ကို လှည့်စားရခြင်းမှာ နေ့စဉ် အလုပ်များကဲ့သို့ပင် လွယ်ကူကြောင်း “using easy everyday means.” လို့ ရေးသားထား ပြန်ပါတယ်
အမှန်တကယ်ကော  Touch ID က လှည့်စားရ လွယ်ကူသလား၊ ဖောက်ထွင်းနည်းက လူတိုင်းလုပ်နိုင်လောက်အောင်ပဲ ရိုးရှင်းသလား၊
လေ့လာကြည့်ရအောင်…

Touch ID ကို လှည့်စားဖို့ လိုအပ်တဲ့ချက်များ ကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်
၁။ iPhone 5S ကို Unlock လုပ်နိုင်မဲ့ လက်ဗွေပိုင်ရှင်ရဲ့  ပြားချပ်ပြီး သန့်ရှင်းတဲ့ မျက်နှာပြင်ပေါ်က ပြတ်သား တိကျတဲ့ လက်ဗွေရာ တစ်ခု
(Chaos Computer Club ကတော့ လက်ဗွေပိုင်ရှင်ကိုယ်တိုင် လိုလိုလားလားနဲ့ ဖိနှိပ်ပေးထားတဲ့ လက်ဗွေရာကို အသုံးပြုခဲ့ပါတယ်၊ လက်တွေ့မှာတော့ တခြားလူတစ်ယောက်ရဲ့  သန့်ရှင်းတဲ့ လက်ဗွေကို ရယူဖို့ လွယ်ကူပါသလား)
၂။ လက်ဗွေကို တုပ နိုင်ဖို့ အပူပေးခံရမယ့် Superglue
၃။ 2400 dpi resolution အထိ ရိုက်ကူးပေးနိုင်မယ့် High-Quality Digital Camera
၎။ လက်ဗွေရဲ့ ဓာတ်ပုံကို သန့်ရှင်းပေးပြီး ပြန်လည်အသုံးပြုနိုင်အောင် လုပ်ဆောင်ပေးမယ့် Photo-Editiing Program
၅။ Print ထုတ်လို့ရနိုင်မယ့် အကြည်ရောင် Plastic Sheet တစ်ချပ်
၆။ 1200 dpi resolution အပြင် Think Toner Setting နဲ့ပါ Print ထုတ်ပေးနိုင်မယ့် Printer
၇။ Print ထုတ်ထားတဲ့ လက်ဗွေပေါ်မှာ လိမ်းကျံပေးဖို့  Liquid Latex နဲ့ Glycerine
၈။ Print ထုတ်ပြီးသွားတဲ့ လက်ဗွေပေါ်မှာ အစိုဓာတ်ရရှိအောင်လဲ ပြုလုပ်ပေးရပါသေးတယ်၊
၉။ နောက်ဆုံး အရေးကြီးတဲ့ လိုအပ်ချက်ကတော့ ပိုင်ရှင်မသိအောင် ယူလာရမယ့် iPhone ပဲ ဖြစ်ပါတယ်
အခိုးခံရတာကို iPhone ပိုင်ရှင်သိသွားရင်တော့ မိနစ်အနည်းငယ် အတွင်းမှာပဲ iPhone ထဲက Data တွေကို အဝေးကနေ လှမ်းဖျက်နိုင်ပါတယ်
တကယ်လို့ အပေါ်က လိုအပ်ချက်တွေထဲက တစ်ခုခု သင့်မှာ မရှိဘူး ဆိုရင်တော့ Touch ID ကို လှည့်စားဖို့ မဖြစ်နိုင်တော့ပါဘူး
iPhone အသုံးပြုသူ တစ်ဝက်လောက်က ၄င်းတို့ iPhone ကို ဘာ Security မှ မကာရံထားကြကြောင်းကို iPhone 5S ကို မိတ်ဆက်တဲ့ပွဲမှာ ထုတ်ဖော်ပြောကြားခဲ့ပါတယ်၊ ဒီအချက်ကို Touch ID က ပြောင်းလဲပေးနိုင်ပါတယ်၊
Touch ID က ယခင် 4-Digit Passcode ထက် ပိုလုံခြုံသလား?
ပိုလုံခြုံပါတယ်၊ သင့်ဖုန်းကို Passcode သို့မဟုတ် Pattern Lock ဖွင့်နေတဲ့ အချိန် သင့်အနောက်ကနေ ခိုးကြည့်သွားတာထက်စာရင် သင့် လက်ဗွေကို တုပ ပြုလုပ်ဖို့က ပိုမို ခက်ခဲပါတယ်
“ဒါဟာ Fingerprint Security တစ်ခုပါ၊ သံလှောင်အိမ် တစ်ခု မဟုတ်ပါဘူး”
တကယ်လို့ သင်ဟာ iPhone ထဲမှာ Nuclear Lauch Code လိုမျိုး အရေးကြီး Data ထည့်ထားမယ်ဆိုရင်တော့ 4-Digit ကော Touch ID ကော မလုံလောက်တာတော့ အမှန်ပါပဲ၊ 20-Digit Passcode သုံးလိုက်တာက သင့်အတွက် ပိုလုံခြုံပါလိမ့်မယ်
Touch ID ဟာ Mobile Security အတွက် နည်းပညာ အသစ်တစ်ခုပါ၊ အလွန် သုံးရလွယ်ကူပြီး စမတ်ကျပါတယ်၊ သင့်ချစ်သူ (သို့မဟုတ်) အိမ်ထောင်ဘက် မှာ High-End Printer, Liquid Latex နဲ့ Photoshop ကျွမ်းကျင်မှုတွေ ရှိနေရင်တောင် သင့်ရဲ့ သန့်ရှင်းတိကျတဲ့ လက်ဗွေ တစ်ခုကို ရရှိဖို့ ဆိုတာ ခက်ခဲပါတယ်၊ သင့်ဖုန်းကိုရော သူဘယ်အချိန်မှာ လက်ဗွေ အတုကို တင်ကြည့်မှာလဲ၊ တခြား အခက်အခဲတွေ အများကြီး ရှိပါသေးတယ်၊ သင့်ရဲ့  Message တွေနဲ့ Call Log တွေအတွက် စိတ်မပူပါနဲ့တော့၊ ထပ်ပြောပါမယ်..
သင့်ဖုန်းကို Passcode သို့မဟုတ် Pattern Lock ဖွင့်နေတဲ့ အချိန် သင့်အနောက်ကနေ ခိုးကြည့်သွားတာထက်စာရင် သင့် လက်ဗွေကို တုပ ပြုလုပ်ဖို့က ပိုမို ခက်ခဲပါတယ်
 
Top