This is the body of your page.



Samsung Galaxy S4 Active ကို Root လုပ်ကြရအောင်။ Root လုပ်နည်းကို
 အောက်မှာဆက်လက်ဖတ်ရှုလုပ်ဆောင်ကြည့်ပါ။
-Root လုပ်ဖို့အတွက်လိုအပ်ချက်တွေအနေနဲ့ -
ဖုန်း driver ကို ကွန်ပျူတာမှာ install လုပ်ထားဖို့လိုပါမယ်။ install မလုပ်ရသေးရင် အောက်က link မှာရယူပါ။



Samsung Kies အားရယူရန်
-Root file ကိုရယူထားရပါမယ်။
CF-Auto-Root-jflte-jfltexx-gti9505.tar.md5.zip ဖိုင် အားရယူရန်
- zip ဖိုင်ထဲက CF-Auto-Root-jflte-jfltexx-gti9505.tar.md5 ဖိုင်လေးကို ကွန်ပျူတာရဲ့ Desktop ပေါ်မှာခဏတင်ထားပါ။
-Root လုပ်ပေးမယ့် Tool ဖြစ်တဲ့ Odin ကိုရယူထားရပါမယ်။
Odin အားရယူရန်
-ဖုန်းမှာ USB Debugging ကို enable လုပ်ထားဖို့လိုပါမယ်။ USB Debugging ကို Enabled လုပ်ဖို့ ဖုန်းရဲ့ setting ထဲမှာ Developer Option ဆိုတာကိုရှာပါ။ မတွေ့ရင် setting ထဲက About Phone ထဲကိုဝင်ပါ။ Build Number ဆိုတဲ့စာသားပေါ်မှာ ၇ချက်ခန့် ဆက်တိုက်ခပ်သွက်သွက်လေးနှိပ်ပါ။ ပြီးလျှင် About Phone ထဲကနေပြန်ထွက်ပါ။ Developer Options ဆိုတာပေါ်နေပါမယ်။ ယင်း Developer Option ထဲကိုဝင်ပြီး USB Debugging ကို Enable လုပ်ထားပါ။

- ပြီးရင် ဖုန်းကို ပါဝါပိတ်လိုက်ပါ။ Power ပိတ်သွားပြီဆိုရင် ဖုန်းကို Volume Down ၊ Power ၊ home Button သုံးခုကိုတွဲနှိပ်ထားပါ။ Download Mode ကိုဝင်မှာလားဆိုပြီး Screen ပေါ်မှာပေါ်လာပါလိမ့်မယ်။


Vol up ခလုတ်ကိုနှိပ်ပြီး Continue လုပ်ပါ။ ဖုန်းက download mode ထဲကိုရောက်သွားပါမယ်။ ပြီးလျှင် ဖုန်းနဲ့ကွန်ပျူတာကို USB ကြိုးအသုံးပြု၍ချိတ်ဆက်ပါ။ ပြီးလျှင်အပေါ်ဆုံး step မှာတုန်းက download ရယူခဲ့တဲ့ Odin ကို run လိုက်ပါ။
ဖုန်းကို download mode ၀င်ထားမယ် ၊ ဖုန်း driver/Samsung Kies ကိုကွန်ပျူတာမှာသွင်းထားမယ် ၊ ဖုန်းကို USB ကြိုးနဲ့ချိတ်ဆက်ထားမယ်ဆိုရင် Odin က ဖုန်းကိုသိပြီး Odin ရဲ့ ID:COM ဆိုတဲ့အကွက်လေးမှာ Port နံပါတ်ကို အရောင်လေးနဲ့ပေါ်လာပါမယ်။

Odin ဆော့ဝဲထဲက PDA ဆိုတဲ့ခလုတ်လေးကိုနှိပ်ပြီး အပေါ်ဆုံး step မှာတုန်းက download ရယူခဲ့တဲ့ CF-Auto-Root-jflte-jfltexx-gti9505.tar.md5 ဖိုင်လေးကို ရွေးပေးလိုက်ပါ။

ပြီးလျှင် Start ကိုနှိပ်ပါ။ ဖုန်းကို စတင် Root လုပ်ပါလိမ့်မယ်။ Flash/Root Process ပြီးသွားပြီဆိုရင် ဖုန်းက auto reboot ကျသွားပါမယ်။ Odin Tool မှာလည်း Pass! ဆိုပြီးပေါ်နေပါမယ်။

ဖုန်းက ပုံမှန်အတိုင်း boot ပြန်တက်လာပြီဆိုရင် ဖုန်းရဲ့ all application ထဲမှာ Super SU ဆိုတဲ့နာမည်နဲ့ appication ရှိပြီဆိုရင် ဖုန်းက root လုပ်တာအောင်မြင်ပြီးဖြစ်ပါတယ်။
 
Top