This is the body of your page.

Android ဖုန်းအတွက် အမှန်တကယ် လိုအပ်ပြီးတော့ အသုံးလည်းဝင် အလွယ်တကူလည်း 
အသုံးချလို့ရတဲ့ app ကောင်းလေးပါ ။ ဘာတွေကောင်းသလဲ ဆိုတော့
မိမိရဲ့ဖုန်းမှာ အသုံးဝင် ဆော့ဝဲတွေ system ရဲ့ setting တွေ apk ဖိုင်တွေနဲ့ 
မိမိရဲ့ အသုံးဝင် DATA တွေကို Back up လုပ်ဖို့ အတွက်နဲ့ Restore လုပ်ဖို့အတွက်
တော့ အမှန်တကယ်ကောင်းတဲ့ app လေးပါ။နောက်ပြီး  ဖုန်း Contacts တွေ SMS တွေ
ကို မှားဖျက်မိတာပဲ ဖြစ်ဖြစ် ပျောက်သွားတာ ပဲဖြစ်ဖြစ် ပြန်ရချင်တယ် ဆိုရင် 
ဒီကောင်လေးနဲ့ ပြန်ရှာ ပြန်သိမ်းလို့ရနိုင်ပါတယ် ခင်ဗျာ။ အခု့ Pro မှာတော့ 
ဘာတွေထပ်ထူးခြားလည်း ဆိုရင်တော့ Cloud storage နဲ့ ချိပ်ဆက်ပြီးတော့
သိမ်းဆည်းထားနိုင်ခြင်းပါပဲ။ Google Drive တို့ Drop Box တို့မှာ
အကောင့်လုပ်ထားမယ် ဆိုရင်တော့ ပင်ပင်ပန်းပန်း အလုပ်ရှုပ်စရာ မလိုတော့ဘူးပေါ့ဗျာ
သိမ်းစရာရှိတာတွေ ကို Cloud မှာသိမ်းထား၊ ဘာပစ္စည်းမှ အပို ဆောင်စရာ မလိုပဲနဲ့
သွားလေရာမှာ မိမိနဲ့အတူ တပါတည်းရှိနေပါတယ်။အဲ့ဒီတခု့က Cloud ရဲ့ အားသာချက်ပါပဲ
File တွေ၊ ဓါတ်ပုံတွေ၊ music တွေ၊ sms၊ mms နဲ့  Call Log တွေကို
လိုချင်တဲ့ အချိန်မှာ ပြန်ရှာ ဆက်သွယ်နိုင်အောင် ဒီ Go Backup လေးက သူငယ်ချင်းတို့ကို
အကူအညီပေးပါလိမ့်မယ် ခင်ဗျာ







 
Top