This is the body of your page.

သင့် ဝဘ်ဆိုဒ်ကို ကမ္ဘာကမြင်နိုင်ဖို့၊ သူကို့ web server တစ်ခုမှာ ထားပေးရပါတယ်။ အောက်မှာပါတဲ့ အချက်အလက်တွေကတော့ ဗဟုသုတဖြစ်ရုံ တင်ပေးထားတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ ဘယ်သူမှ ကိုယ်တိုင် Site တစ်ခုကို Hosting လုပ်မှမဟုတ်ပါဘူး။
 
 

သင့် ဝဘ်ဆိုဒ် ကိုလွှင့်တင်ခြင်း

ကိုယ်ပိုင် server ကနေပြီးတော့ သင့် ဝဘ်ဆိုဒ် ကို အလုပ်လုပ် ဖို့ဆိုတာ မလွယ်ပါဘူး။ အောက်ကအချက်တွေက ဘာကြောင့်လဲဆိုတာပြောလိမ့်မယ်။

Hardware ကုန်ကျစရိတ်များ

ဝဘ်ဆိုဒ် တစ်ခုကို လွှင့်ထားဖို့အတွက် စွမ်းဆောင်ရည်ပြည့်တဲ့ server hardware တွေဝယ်ရပါတယ်။ ဈေးချိုတဲ့ PC ကွန်ပြူတာက ဒါကို တတ်နိုင်လိမ့်မယ်လို့မမျှော်လင့်ပါနဲ့။ ၂၄ နာရီ ကောင်းတဲ့ Hight Speed အင်တာနက်လိုင်းလည်း လိုပါတယ်။

ဆော့ဖ်ဝဲလ် ကုန်ကျစရိတ်များ

ဆော့ဖ်ဝဲလ် server-license တွေက ရိုးရိုး client-license တွေထက်ဈေးမြင့်တာကို သတိရသင့်ပါတယ်။ နောက်ပြီး Server Licence တွေက အသုံးပြု အကန့်အသတ်လည်း ရှိပါတယ်။

ဝန်ထမ်းကုန်ကျစရိတ်များ

ဆာဗာ run ဖို့အတွက် ဝန်ထမ်းစရိတ်နည်းနည်းနဲ့ရမယ်လို့လည်း မမျှော်လင့်ပါနဲ့။ ကိုယ်ပိုင် hardware နဲ့ ဆော့ဖ်ဝဲလ် ကို လည်း Install လုပ်ရဦးမယ်။ ထိန်းသိမ်းရဦးမယ်။ Virus တွေရဲ့ ရန်နဲ့  ဘာမဆိုဖြစ်လာနိုင်တဲ့ ပတ်ဝန်းကျင်မှာလည်း အဲဒီ့ Server ကိုအချိန်ပြည့် ၂၄ နာရီ အဆင်ပြေပြေ အလုပ်လုပ်နေအောင် စီစဉ်ရမှာဖြစ်ပါတယ်။

အင်တာနက် Service Provider ကိုအသုံးပြုခြင်း

အင်တာနက် Service Provider (ISP) ဆီကနေ Server ကိုငှားတယ်ဆိုတာကတော့ အများစုရဲ့ရွေးချယ်မှုပါ။ ကုမ္ပဏီတွေက တင်ထားတဲ့ ဝဘ်ဆိုဒ်  တွေကို ISP က Support လုပ် ပေးပါတယ်။ အားသာချက်တွေကတော့

Connection Speed

ISP အများစုက အရမ်းမြန်တဲ့အင်တာနက်လိုင်းအားရှိပါတယ်။

စွမ်းအားပြည့် Hardware

ISP တွေမှာ စွမ်းအားပြည့် web server တွေရှိပါတယ်။ ကုမ္ပဏီအများအပြားကိုလည်း အဲဒါနဲ့ Support လုပ် ပေးနိုင်ပါတယ်။ ထိရောက်တဲ့ ဝန်ဆောင်အား မျှချေထိန်းညှိမှုနဲ့လိုအပ်တဲ့ backup အတွက်လည်း စိတ်ချရပါတယ်။

လုံခြုံရေး နဲ့ တည်ငြိမ်မှု

ISP တွေက web hosting အတွက်ကျွမ်းကျင်သူတွေဖြစ်ပါတယ်။ သူတို့ရဲ့ server တွေအချိန်တိုင်းမှာ ၉၉% အထက်အလုပ်လုပ်နေမယ်လို့ စိတ်ချရနိုင်ပါတယ်။ နောက်ဆုံးပေါ် ဆော့ဖ်ဝဲလ် တွေသုံးပြီး အကောင်းဆုံး virus ကာကွယ်မှုစနစ်တွေ အသုံးပြုထားမှာဖြစ်ပါတယ်။

ISP သုံးဖို့ စဉ်းစားရမယ့်အချက်များ

အောက်ကအချက်တွေက သင်ကိုယ်တိုင် ဝဘ်ဆိုဒ် တစ်ခုကိုလွှင့်တင်တော့မယ်ဆိုရင် ထည့်သွင်းစဉ်းစားသင့်တဲ့ အချက်တွေဖြစ်ပါတယ်။ ကိုယ့်ကုမ္ပဏီက ဝဘ်ဆိုဒ်အတွက် ဘယ်ပညာရှင် ဘယ်အဖွဲ့စည်းကိုအပ်အပ် ကိုယ်တိုင်သိထားသင့်တဲ့ အချက်တွေဖြစ်ပါတယ်။

24-hour support လုပ်ပေး/မပေး

ယူထားတဲ့ ISP က ၂၄ နာရီ Support လုပ် ရလား သေချာအောင်လုပ်ပါ။ နောက်နေ့မနက် အလုပ်ချိန်မစခင် မရှင်းနိုင်တဲ့ ပြဿနာ ဗလပွတွေ ကိုယ့်ဆီကို ရောက်အောင်ကိုယ့်ဖာသာကိုယ် မဖန်တီးပါနဲ့။ ကိုယ့် ဆိုဒ် မှာပြဿနာရှိတယ်ထင်ရင် ISP ကို ချက်ခြင်းဆက်သွယ်ပါ။ လိုင်းဖုန်းဆက်ဖို့ငွေကုန်ကြေးကျများမှာကြောက်ရင် IDD နဲ့ခေါ်ပါ။ မေးလ်နဲ့ ဆက်သွယ်တာလည်း အဆင်ပြေပါတယ်။

နေ့စဉ် Backup ထား/မထား

သင့် ISP ကနေ့စဉ်backup ထားလား သိအောင်လုပ်ပါ။ သင့် data တွေ ဆုံးရှုံးသွားနိုင်ပါတယ်။

Traffic လက်ခံနိုင်မှုကောင်း/မကောင်း

ISP's traffic လက်ခံနိုင်မှု အကန့်အသတ်ကို သိအောင်လုပ်ပါ။ သင့်ဆိုဒ် နာမည်ရလာလို့ လူကြည့်များလာလို့ နောက်ပိုင်းမှာ အပိုကြေးပေးရ မပေးရသေချာအောင်လုပ်ပါ။

Bandwidth ဒါမှ မဟုတ် Content ကန့်သတ်ချက်ရှိနေလား

ISP's Bandwidth နဲ့ Content အကန့်အသတ်ကို သိအောင်လုပ်ပါ။ ဓါတ်ပုံတွေ၊ ဗီဒီယိုတွေ၊ သီချင်းတွေ ဖြန့်မယ် လွှင့်မယ်ဆိုရင် ပိုဂရုစိုက်သင့်ပါတယ်။

E-mail သုံးလို့ရ/မရ

ရွေးထားတဲ့ ISP က e-mail ပေးသုံးလား သေချာအောင်လုပ်ပါ။

Database အသုံးပြုနိုင်မှု

ဝဘ်ဆိုဒ် အတွက် Database သုံးဖို့ ရည်ရွယ်ချက်ရှိရင် အဲဒီ့ ISP မှာ သုံးလို့ ရမရ သေချာအောင်လုပ်ပါ။
 
Top