This is the body of your page.

HTML ဇယားများ

ဇယားတွေကို <table> tag နဲ့သတ်မှတ်ပါတယ်။
ဇယားတွေကို အလျားလိုက် row တွေ (<tr> tag ) နဲ့ အဲဒီ့ အလျားလိုက် Row တွေကို ဒေါင်လိုက်ဖြတ်ထားတဲ့မျဉ်းတွေ  (<td> tag) တွေနဲ့ အကွက် Cell တွေဖြစ်အောင်ဖန်တီးထားကြပါတယ်။ td က "ဇယား မှာပါတဲ့ data" တွေအတွက်ဖြစ်ပါတယ်။ အဲဒီ့ Data Content တွေဟာ စာသားတွေ၊ လင့်ခ်တွေ၊ ပုံတွေ၊ List တွေ၊ Form တွေ နဲ့ ဇယားတွေလဲ ပါနိုင်ပါတယ်။

ဇယား ဥပမာများ

<table bor der=“1”>
<tr>
<td>row 1, cell 1</td>
<td>row 1၊, cell 2</td>
</tr>
<tr>
<td>row 2, cell 1</td>
<td>row 2, cell 2</td>
</tr>
</table>

အပေါ်က HTML code တွေဟာ browser (ဘရောက်ဆာ) မှာအခုလိုပေါ်ပါလိမ့်မယ်။
 
row 1, cell 1 row 1, cell 2
row 2, cell 1 row 2, cell 2

မြန်မာစာ ၅၅ မှတ်
အင်္ဂလိပ်စာ ၇၀ မှတ်
သချာင်္ ၆၀ မှတ်

HTML ဇယားများ နဲ့ Border Attribute

Border attribute မရွေးချယ်ခဲ့ရင် ဇယားတွေမှာ border ပါမှာ မဟုတ်ဘူး။ တစ်ခါတစ်လေမှာ Border မပါတာ လိုအပ်ပေမယ့် များသောအားဖြင့်တော့ border ကိုသုံးကြပါတယ်။
ဇယားတစ်ခုမှာ Border ပါဖို့အတွက် border attribute ကိုရွေးချယ်ရပါမယ်။

<table border=“1”>
<tr>
<td>Row 1, cell 1</td>
<td>Row 1, cell 2</td>
</tr>
</table>

HTML ဇယား ခေါင်းစဉ်များ

ဇယားရဲ့ ခေါင်းစဉ်ကို <th> tag နဲ့သတ်မှတ်ပါတယ်။
browser (ဘရောက်ဆာ) တော်တော်များများက <th> element ကိုပြရင်  bold ပုံစံနဲ့ Center Align ထားတတ်ပါတယ်။


<table border=“1”>
<tr>
<th>ခေါင်းစဉ် ၁ </th>
<th>ခေါင်းစဉ် ၂</th>
</tr>
<tr>
<td>row 1, cell 1</td>
<td>row 1, cell 2</td>
</tr>
<tr>
<td>row 2, cell 1</td>
<td>row 2, cell 2</td>
</tr>
</table> 
 
အပေါ်က HTML code တွေဟာ browser (ဘရောက်ဆာ) မှာအခုလိုပေါ်ပါလိမ့်မယ်။
 
ခေါင်းစဉ် ၁ ခေါင်းစဉ် ၂
row 1, cell 1 row 1, cell 2
row 2, cell 1 row 2, cell 2

HTML ဇယား Tag များ

Tag အကြောင်းအရာ
<table> ဇယားအတွက် ဖြစ်ပါတယ်။
<th> ဇယား ခေါင်းစဉ် ဖြစ်ပါတယ်။
<tr> ဇယား row အတွက် ဖြစ်ပါတယ်။
<td> ဇယား cell အဖြစ် သတ်မှတ်ပါတယ်။
<caption> ဇယား ရဲ့ ခေါင်းစဉ် caption ကို သတ်မှတ်ပါတယ်။
<colgroup> ဇယားရဲ့ Column တွေကို format ပြုလုပ်ခြင်း အတွက်အုပ်စုထားဖို့ သုံးပါတယ်။
<col /> ဇယားမှာပါတဲ့ Column တွေအတွက် attribute တန်ဖိုးအတွက်သုံးပါတယ်။
<ad> ဇယားမှာပါတဲ့ Group ရဲ့ Content တွေအတွက် ခေါင်းစဉ် အဖြစ်သုံးပါတယ်။
<tbody> ဇယားမှာပါတဲ့ Group ရဲ့ Body Content ဖြစ်ပါတယ်။
<tfoot> ဇယားမှာပါတဲ့ Group ရဲ့ Footer Content ဖြစ်ပါတယ်။
 
Top