-အွန်လိုင်း အစုအဖွဲ့တွေဟာ အင်တာနက်ကို စတင် အသုံးပြုတဲ့ အချိန်ကစပြီး
တည်ရှိလာခဲ့တယ်။ အစပိုင်းမှာ ကမ္ဘာတ၀ှမ်းက လူတွေ အချင်းချင်း
ဆက်သွယ်နိုင်တဲ့ အခွင့်အလမ်း ရှိလာစေဖို့၊ စကားပြော ဆက်သွယ်နိုင်ဖို့နဲ့
သက်ဆိုင်ရာ အကြောင်းအရာတွေကို
မျှဝေနိုင်ဖို့အတွက် ကြော်ငြာသင်ပုန်းတွေ (bulletin boards) နဲ့ အီးမေးလ် စာရင်းတွေ ထားရှိကြတယ်။ ယခုအချိန်မှာတော့ လူမှု ဆက်ဆံရေး ကွန်ရက် စာမျက်နှာတွေဟာ အချင်းချင်း အဆက်အသွယ် လုပ်နိုင်တဲ့ ပမာဏကို အကြီးအကျယ် တိုးချဲ့လာကြတယ်။ သတင်းတွေ၊ ရုပ်ပုံတွေ၊ ဖိုင်တွေ အပါအ၀င် တမိနစ်တောင် မခြားပဲ သင် ဘာလုပ်နေတယ်၊ ဘယ်မှာ ရှိနေတယ် စတဲ့ အချက်အလက်တွေကို ဝေမျှလို့ ရလာတယ်။ ဒီ functions တွေဟာ အသစ်အဆန်း (သို့) ထူးခြားတဲ့ အရာတွေတော့ မဟုတ်ဘူး - ဒါတွေကို လုပ်ဆောင်ဖို့ လူမှု ဆက်ဆံရေး ကွန်ရက် စာမျက်နှာ တခုခုမှာ ပါဝင်နေစရာ မလိုပဲ အင်တာနက်ကနေ တဆင့် လုပ်လို့ရပါတယ်။-
မျှဝေနိုင်ဖို့အတွက် ကြော်ငြာသင်ပုန်းတွေ (bulletin boards) နဲ့ အီးမေးလ် စာရင်းတွေ ထားရှိကြတယ်။ ယခုအချိန်မှာတော့ လူမှု ဆက်ဆံရေး ကွန်ရက် စာမျက်နှာတွေဟာ အချင်းချင်း အဆက်အသွယ် လုပ်နိုင်တဲ့ ပမာဏကို အကြီးအကျယ် တိုးချဲ့လာကြတယ်။ သတင်းတွေ၊ ရုပ်ပုံတွေ၊ ဖိုင်တွေ အပါအ၀င် တမိနစ်တောင် မခြားပဲ သင် ဘာလုပ်နေတယ်၊ ဘယ်မှာ ရှိနေတယ် စတဲ့ အချက်အလက်တွေကို ဝေမျှလို့ ရလာတယ်။ ဒီ functions တွေဟာ အသစ်အဆန်း (သို့) ထူးခြားတဲ့ အရာတွေတော့ မဟုတ်ဘူး - ဒါတွေကို လုပ်ဆောင်ဖို့ လူမှု ဆက်ဆံရေး ကွန်ရက် စာမျက်နှာ တခုခုမှာ ပါဝင်နေစရာ မလိုပဲ အင်တာနက်ကနေ တဆင့် လုပ်လို့ရပါတယ်။-
-အဲဒီ ကွန်ရက်တွေဟာ အတော်လည်း အကျိုးရှိပြီး အွန်လိုင်းနဲ့ အော့ဖ်လိုင်း
နှစ်မျိုးစလုံးမှာ လူမှုရေးအရ အပြန်အလှန် ဆက်ဆံမှုမျိုးကို
မြှင့်တင်ပေးနိုင်ပေမဲ့၊ အဲဒါတွေကို အသုံးပြုလာတဲ့အခါ အလွဲသုံးစား
လုပ်နိုင်တဲ့ လူတွေဆီကို သတင်း အချက်အလက်တွေ ရောက်သွားနိုင်တယ်။ လူမှု
ဆက်ဆံရေး ကွန်ရက်တခုကို ကြီးကြီးကျယ်ကျယ် ကျင်းပတဲ့ ပါတီပွဲတခုလို
သဘောထားကြည့်ပါ။ သိကျွမ်းထားတဲ့ လူတွေရော၊ မတွေ့ဖူးတဲ့ သူတွေပါ
တက်ရောက်လာကြမှာ ဖြစ်ပါတယ်။ အဲဒီ ပါတီပွဲထဲမှာ ကိုယ်ရေး အချက်အလက်တွေနဲ့အတူ
လျှောက်သွားနေတယ်လို့ စိတ်ကူးယဉ်ကြည့်ပါ၊ မိနစ်မခြား သင် ဘယ်တွေ
စဉ်းစားနေတယ် ဆိုတဲ့ အချက်တွေကို သတိမထားမိပဲ၊ နောက်ကျောမှာ
စာလုံးကြီးကြီးနဲ့ ရေးထားတယ် ဆိုကြပါစို့။ သင်နဲ့ ပါတ်သက်တဲ့ အချက်အလက်တွေ
အားလုံးကို လူတိုင်း တကယ် သိစေချင်သလား။-
-လူမှု ဆက်ဆံရေး ကွန်ရက်တွေဟာ ပုဂ္ဂလိက စီးပွါးရေး သမားတွေက
ပိုင်ဆိုင်ထားတယ်။ သူတို့ တဦးတယောက်ချင်းနဲ့ ပါတ်သက်တဲ့ ဒေတာတွေကို
စုဆောင်းပြီး အဲဒီ ဒေတာတွေကို ကြော်ငြာရေး ကုမ္ပဏီတွေမှာ ရောင်းချတတ်ကြတာကို
သတိရပါ။ လူမှု ဆက်ဆံရေး ကွန်ရက်တခုခုထဲ ၀င်ရောက်သွားတဲ့အခါ၊ အင်တာနက်
လွတ်လပ်မှုကို နောက်မှာ ချန်ထားပြီး ကွန်ရက် စာမျက်နှာကို ပိုင်ဆိုင်တဲ့သူ
ချုပ်ကိုင်ထားတဲ့ ကွန်ရက် တခုထဲ ၀င်ရောက်နေတာ ဖြစ်တယ်။ Privacy settings
တွေဟာ လူမှု ဆက်ဆံရေး ကွန်ရက်ထဲမှာ ပါဝင်ကြတဲ့ တခြား အဖွဲ့ဝင်တွေကို
အကာအကွယ် ပေးဖို့ ဖြစ်တယ်၊ ၀န်ဆောင်မှုကို ပံ့ပိုးပေးနေတဲ့ ပိုင်ရှင်တွေက
အကာအကွယ် ပေးထားတာ မဟုတ်ဘူး။ အမှန်ကတော့ ဒေတာ အားလုံးကို ပိုင်ရှင်တွေဆီ
ပေးလိုက်ပြီး သူတို့ဆီ စိတ်ချလက်ချ အပ်ထားခဲ့တာနဲ့ အတူတူပဲ ဖြစ်ပါတယ်။-
-တကယ်လို့ အထိခိုက်မခံတဲ့ သတင်းအချက်အလက်တွေ၊ အကြောင်းအရာတွေနဲ့ ပါတ်သက်တဲ့
အလုပ်တွေကို လုပ်ဆောင်နေပြီး၊ လူမှု ဆက်ဆံရေး ၀န်ဆောင်မှုတွေကိုလည်း
အသုံးပြုနေတယ် ဆိုရင်၊ privacy နဲ့ လုံခြုံရေး ပြဿနာတွေကို အထူး သတိထားဖို့
အရေးကြီးတယ်။ လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူတွေအနေနဲ့ လူမှု ဆက်ဆံရေး
ကွန်ရက်တွေကို အသုံးပြုတာဟာ အန္တရာယ် အလွန်များပြီး သူတို့နဲ့ ပါတ်သက်တဲ့
အချက်အလက်တွေ၊ သူတို့နဲ့ အလုပ် တွဲလုပ်နေတဲ့ သူတွေရဲ့ အချက်အလက်တွေကို အထူး
သတိထားဖို့ လိုပါတယ်။-
-လူမှု ဆက်ဆံရေး ကွန်ရက် စာမျက်နှာတွေကို အသုံးမပြုခင် အန္တရာယ် ရှိနိုင်တဲ့
အချက်တွေကို နားလည်ထားဖို့ အရေးကြီးတယ်၊ အဲဒီနောက် ကိုယ်တိုင် အပါအ၀င်
သင်နဲ့ အလုပ်လုပ်နေတဲ့ သူတွေရဲ့ အချက်အလက်တွေကို အကာအကွယ် ပေးဖို့ ဆက်လက်
ဆောင်ရွတ်ရမှာ ဖြစ်တယ်။ ဒီလမ်းညွှန်ချက်က လူမှု ဆက်ဆံရေး ကွန်ရက်
စာမျက်နှာတွေကို အသုံးပြုတဲ့ နေရာမှာ သိထားရမဲ့ လုံခြုံရေး
ဆောင်ရွတ်ချက်တွေ အကြောင်းကို နားလည်နိုင်အောင် အထောက်အကူ ပေးပါလိမ့်မယ်။-
★ နောက်ခံ ဇာတ်လမ်း★
မန်စောနဲ့ မက်နာ တို့ဟာ မြောက်အာဖရိကမှ လူ့အခွင့်အရေး ကာကွယ် လှုပ်ရှားသူတွေ
ဖြစ်ကြတယ်။ သူတို့ဟာ မြို့ကြီး တမြို့ရဲ့ အလယ်မှာ ချီတက်ပွဲတခု
ပြုလုပ်ဖို့ စည်းရုံးရေး လုပ်နေကြတယ်။ အဲဒီ အခမ်းအနား အကြောင်းကို Facebook
ကနေ ကြော်ငြာချင်ကြတယ်။ အဲဒီ အကြောင်းကို အာဏာပိုင်တွေဆီ
သတင်းပေါက်ကြားသွားပြီး စိတ်ဝင်စားလာကြတဲ့ သူတွေကို ခြေရာခံလာမှာကို
စိုးရိမ်နေကြတယ်။ သူတို့ ချီတက်နေတုန်းမှာ ဖြစ်ပျက်မှုတွေကို Twitter ကနေ
တဆင့် သတင်းပို့ဖို့ အစီအစဉ် လုပ်နေကြတယ်။ အကယ်လို့ ရဲတွေက
သတင်းပေးပို့ချက်တွေကို စောင့်ကြည့်နေပြီး၊ ချီတက်သူတွေကို တားဆီးဖို့
ရဲတွေ စေလွှတ်လာတယ် ဆိုရင် ဘယ်လို လုပ်မလဲ။ မန်စောနဲ့ မက်နာတို့ဟာ လူတွေရဲ့
ကိုယ်ပိုင် အထောက်အထားတွေကို မဖေါ်ပြပဲ ချီတက်ပွဲ ဓါတ်ပုံတွေနဲ့
ဗွီဒီယိုတွေကို ဝေမျှနိုင်တဲ့ အစီအစဉ်ကို ရေးဆွဲကြတယ်၊ ဘာကြောင့်လဲ ဆိုတော့
ပါဝင်ချီတက်သူတွေ ညှင်းဆဲနှိပ်စက် ခံရမှာ စိုးရိမ်လို့ ဖြစ်တယ်။-
-လူမှု ဆက်ဆံရေး ကွန်ရက် စာမျက်နှာတွေ အသုံးပြုနေတာကို လုံးဝ ရပ်တန့်ဖို့
ကျွန်တော်တို့ အားမပေးလိုပါဘူး။ ဒါပေမဲ့ အဲဒီ ကိရိယာတွေကို သုံးပြီး သင်နဲ့
တခြားသူတွေကို အန္တရာယ် မကျရောက်စေအောင်၊ လိုအပ်တဲ့ လုံခြုံရေး အစီအမံတွေ
ချမှတ် လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။-
♕ ဒီသင်ခန်းစာကနေ လေ့လာသင်ယူနိုင်တဲ့ အချက်များ♕
လူမှု ဆက်ဆံရေး ကွန်ရက် စာမျက်နှာတွေမှာ အထိခိုက်မခံတဲ့ သတင်း အချက်အလက်တွေကို သတိမထားမိပဲ အလွယ်တကူ ဖေါ်ပြနိုင်တဲ့ ပုံစံ
လူမှု ဆက်ဆံရေး ကွန်ရက် စာမျက်နှာတွေကို အသုံးပြုတဲ့အခါ သင်ကိုယ်တိုင်နဲ့ တခြားသူတွေရဲ့ သတင်း အချက်အလက်တွေကို အကာအကွယ် ပေးနိုင်တဲ့နည်း။
လူမှု ဆက်ဆံရေး ကွန်ရက် စာမျက်နှာတွေကို အသုံးပြုတဲ့အခါ သင်ကိုယ်တိုင်နဲ့ တခြားသူတွေရဲ့ သတင်း အချက်အလက်တွေကို အကာအကွယ် ပေးနိုင်တဲ့နည်း။
1. Targeted attacks continue to evolve. While targeted attacks on the
large infrastructures of corporations are attempted almost every day,
companies are increasingly being attacked to specifically gain access to
their intellectual property. A prominent example of this would be last
year’s “Hydraq” attack on Google, a suspected politically motivated
attack to steal sensitive information from Gmail accounts, which
prompted Google to threaten to pull its operations out of China. Given
that this attack wouldn’t have been successful without convincing
recipients that links and attachments in an email were from a known
source, the lesson for future attackers is that the biggest security
vulnerability to exploit is our trust of friends and colleagues.
2. Social networks + social engineering = compromise. Hackers are
getting better at learning who we are through social media outlets and
posing as friends. So-called social engineering attacks are becoming
more sophisticated and harder to detect.
3. Hide and seek (zero-day vulnerabilities and rootkits). In order to
be successful, targeted attacks must penetrate an organization and
remain undetected for as long as possible. So-called “zero day
vulnerabilities” help hackers maintain a game of hide and seek. Zero
days occur when a hacker discovers (and exploits) a security
vulnerability in a software program before the program’s engineers do,
although some believe that the fear of these vulnerabilities as a basis
for attacks are worse than the reality. Rootkits, software that enables
continued privileged access to a computer while actively hiding its
presence from administrators by subverting standard operating system
functionality or other applications, are also helpful in keeping hackers
undetected.
4. Attack kits get a caffeine boost. Hackers are profiting on security
vulnerabilities by packaging their discoveries into easily downloadable
attack kits that are sold in the underground fraud economy. Symantec
believes that these kits played a role in creating over 286 million
variants of malware last year.
5. Mobile threats increase. With the explosive usage of smart phones
and other mobile devices, hackers are naturally becoming ever more drawn
to this territory as a platform for fraud. Sophisticated operating
systems mean that vulnerabilities are plentiful, and Trojans hidden in
legitimate applications sold on app stores offer an effective means to
multiply the damage.
Fraudsters will never stop finding ways to capitalize on security
weaknesses and wreak havoc on privacy and bottom lines, which is why
every business should work with security experts to stay ahead of these
threats.
(ref:securityinabox)
အဆင်ပြေ ပါစေ။
ကိုဇော်သွင်(နည်းပညာ)
