တို့တွေကနေ Windows တင်ကြမယ်ဆို ဒါလေးကိုလည်းဆောင်ထားသင့်ပါတယ်။
Windows 8 နဲ့ Windows 8.1 အထိကို support ပေးပါတယ်
CD , DVD ခွေမရှိလို့ မပူရတော့ ဘူးပေါ့ဗျာ။ Pendrive ထဲမှာထည့် windows တင်လိုက်
တင်ပြီးရင် windows လေးကို ပြန်ဖျက်လိုက်ရုံပဲ။ Pendrive ကို တခြား နေရာမှာ ပြန်သုံးလို့ ရတော့
ငွေနည်းနည်း ချွေတာ လို့ရတာပေါ့
ဒါလေး ဒေါင်းပြီး အသုံးပြု့မယ်ဆိုရင် နည်းနည်းလောက် ပြောပြမယ်နော်
( ၁ ) WinToFlash ဒေါင်းထားတဲ့ set up ဖိုင်ကို ကလစ် ၂ ချက်ခေါက်ပြီး extract လုပ်လိုက်ပါ
မေးလာတဲ့ စာကို ဘာမှမပြောင်းပဲနဲ့ Extract လုပ်လိုက်ပါ။
( ၂ ) မူရင်း ဖိုင်ထဲမှာပဲ နာမည် တူနဲ့ Folder သဘောမျိုး ရှိနေပါလိမ့်မယ်။ထပ်ဖွင့်လိုက်ပါ
( ၃ ) အပေါ်က ပုံမှာပြထားသလို set up ဖိုင်လေးကို ကလစ် ၂ ချက်နှိပ်ပြီး ဖွင့်လိုက်ပါ ခင်ဗျာ
( ၄ ) အောက်ကပုံအတိုင်းပွင့်လာမယ် ခင်ဗျ စောင့်ပေးပါအုံး
( ၅ ) ဒီလိုအစိမ်းရောင် မှန်ခြစ်ကလေးနဲ့ ပေါ်လာပြီ ဆိုရင် အမှန်ခြစ်ကလေး ကို နှိပ်လိုက်ပါ။
( ၆ )Next ကို နှိပ်ပြီးတော့ ဆက်သွားလိုက်ပါ
( ရ ) Next ကို ဆက်သွားမယ် ဆိုရင် images ဖိုင် အဖြစ်သုံးမယ့် os နေရာကို ၁ ဆိုတဲ့ နေရာမှာ
ရွေးချယ်ဖို့အတွက် select ကိုနှိပ်လိုက်ပါ။ ၂ ဆိုတာကတော့ မိမိ အသုံးပြု့မယ့် USB Pendrive
ရှိမယ့်နေရာ ကို ပြပေးရမယ့် နေရာပါ။ မိမိ ရဲ့ Flash Drive ကို ပြပေးလိုက်ပါ။ ပြီး ပြီ ဆိုရင်
Run ဆိုတာကို နှိပ်ပေးလိုက်ပါ
(၈ ) အဲ့ဒီလိုပြပေးလိုက် ပြီး ပြီ ဆိုရင် Image ဖိုင်တွေကို usb drive မှာ ကူးနေပါပြီ ခင်ဗျာ
ဒါလေးပါပဲ ခင်ဗျာ။ကူးပြီးအောင်တော့ နည်းနည်း စောင့်ပေးရပါတယ်
ပြီးဆုံးကြောင်း အကြောင်းကြားပေးခြင်း နှင့်အတူ တခါတည်း Windows ဖိုင်ကို
ဒီထဲ ကနေ run မလားလို့မေးတာ ရှိပါတယ်။ အဲ့ဒါကတော့ ဘော်ဒါတို့သဘောပါ ခင်ဗျာ
ဆော့ဝဲ လေးကို အောက်မှာဒေါင်းယူနိုင်ပါတယ်
အသုံးပြု့နည်း ကို Video အဖြစ်ကြည့်မယ် ဆိုရင် ဒီမှာ ဝင်ကြည့်ပါ
ကိုလတ်(ကျွဲဆင်း)